16

1.6K 231 19
                                    

[ Unicode ]

"အကိုလေး... အကိုလေး..."

ကုတင်ဘေးမှဆူညံနေသောအသံကြောင့် Baekhyunရဲ့မျက်လုံးတို့မပွင့်ချင်ပွင့်ချင်ဖြင့်ပွင့်လာရသည်။

"အင်းးး..."

"အကိုလေးနိုးရင် အောက်မှာမနက်စာစားဖို့ အကိုလေးChanyeolကစောင့်နေပါတယ်"

"ဟင်!"

အပျင်းကြောဆွဲနေရင်းမှ သေသေချာချာကြားလိုက်ရပါသောနာမည်ကြောင့် Baekhyunငုတ်တုတ်တောင်ထထိုင်မိသွားလေသည်။

အရင်ဆုံးအတွေးထဲဝင်လာသည်က Chanyeol... Chanyeolပင်။
သူအခု Chanyeolရဲ့အိမ်မှာရောက်နေတာမဟုတ်လား။

"အကိုလေး နိုးရင် အောက်မှာ..."

"အာ... ဟုတ် ဟုတ်
ကျွန်တော်ဆင်းလာခဲ့ပါ့မယ်"

အရင်ဆုံး လာနိုးတဲ့ကောင်မလေးကို အခန်းထဲကအမြန်ထွက်အောင်ပြောလိုက်ရတော့သည်။

သူဒီအိမ်ကလူတွေနဲ့နေသားမကျသေးပါ။

"Chanyeollieက အဲ့လိုမျိုးပဲ သူ့အခန်းထဲကောင်မလေးတွေဝင်ထွက်ဖို့ခွင့်ပြုတာပဲလား"

အလိုမကျစိတ်တို့ဟာတလိပ်လိပ်နဲ့ကိုတက်လာလေသည်။ အရင်ကလည်း Chanyeolအိပ်‌နေမယ့်အချိန်ဆို ထိုကောင်လေးတွေက အခန်းထဲထိလာနှိုးတတ်သလားလေ...။ သူတောင် Chanyeollieအိပ်ရာထခါစပုံစံလေးကိုမမြင်ဖူးသေးတာကို...။

အဲ့လိုဆိုမှ... သူညက ဘယ်လိုအိပ်ပျော်သွားသလဲပြန်သတိရတော့သည်။
Baekhyun ကိုယ်တိုင်ကလည်း Chanyeolအခန်းထဲဝင်မလာခင် အိပ်ပျော်ဖို့ကြိုးစားခဲ့တာဆိုပင် တကယ်ကြီးအိပ်ပျော်သွားမယ်လို့တော့ မထင်ထားခဲ့....။

အခုလိုအခြေအနေကြီးကနေရခက်တာသက်သာစေပင်မဲ့ ‌နည်းနည်းတော့ စိတ်မကောင်းဖြစ်မိသည်။ အနည်းဆုံးတော့ မနက်မျက်လုံးဖွင့်ဖွင့်ချင်းမှာ အိပ်မောကျနေမည့် Chanyeolရဲ့မျက်နှာကို သူတွေ့ချင်ခဲ့သည်ပဲ။

ခေါင်းခါရင်း အတွေးတို့အားထုတ်ပစ်လိုက်ရသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အရင်တုန်းကထက်တော့ပိုပြီး Chanyeollieကို တွေ့နိုင်သွားပြီပဲ Baekhyunရဲ့"

NonchalanceWhere stories live. Discover now