3

6K 758 31
                                    

[ Zawgyi ]

Baekhyunမနက်​အ​စောကြီး Chanyeolရဲ့အိမ်​​ရှေ့တွင်​​ရောက်​​နေတာဖြစ်​သည်​။

ဆောင်းဦးကာလထဲဝင်​လာပြီဖြစ်​၍ ​အေးစိမ့်​စိမ့်​ဖြစ်​​နေ​သော ရာသီဥတု​ကြောင့်​ Baekhyunခုန်​ဆွခုန်​ဆွဖြစ်​​နေရသည်​။

လက်​ကနာရီ​လေးအားကြည့်​လိုက်​​တော့ 7နာရီ49မိနစ်​....။

ပိတ်​ထား​သော ခြံတံခါးအား​ကြည့်​​နေရင်းမှ ဖြည်းဖြည်းချင်းပွင့်​လာသည်​ကိုမြင်​လိုက်​ရသည်​။

Baekhyunရပ်​​နေရာ သစ်​ပင်​နားမှ ခြံ​ရှေ့အလယ်​တည့်​တည့်​သို့​ပြေးကာ ရပ်​​နေလိုက်​သည်​။

ထိုသို့မှမလုပ်​လျှင်​ Park Chanyeolဆို​သောလူကြီးက သူ့ကိုမမြင်​ဟန်​​ဆောင်​၍ ကား​မောင်းထွက်​သွားမှာကိုအ​သေအချာသိ​နေသည်​​ကြောင့်​!

တဖြည်းဖြည်း​နှင့်​ ခြံထဲမှထွက်​လာ​သောကား​လေးသည်​ Baekhyunနှင့်​မထိမိခင်​အ​နေအထားတွင်​ရပ်​တန့်​သွား​လေသည်​။

"မင်း ဘာလုပ်​​နေပြန်​တာလဲ?"

Chanyeolသည်​ ကားပြတင်း​ပေါ်မှ​ခေါင်းထုတ်​ကာ သူ့အား​လေသံခပ်​မာမာဖြင့်​​မေးလာသည်​။

"ကျွန်​​တော်​ကား​ပေါ်လိုက်​မလို့!"

ပြောပြီး ကားနားသို့​ပြေးကာ ကားတံခါးအားဆွဲဖွင့်​လိုက်​​သော်​လည်း ပွင့်​မလာခဲ့....။

"ကားတံခါးဖွင့်​​ပေးဦး"

Chanyeolဆီမှ ကျွတ်​သတ်​တချက်​ကြားလိုက်​ရသည်​။
သို့​​သော်​လည်း ကားတံခါးဖွင့်​​ပေးလာသည်​ပဲ။

မောင်းသူ​ဘေးက ​နေရာအား ကိုယ့်​အပိုင်​ကဲ့သို့ Baekhyunပြုံးပြုံးရွှင်​ရွှင်​ပင်​တက်​ထိုင်​လိုက်​သည်​။

"​မောနင်း Yeol... ဒီ​နေ့တ​နေ့လုံးအစစအရာရာအဆင်​​ပြေပါ​စေ"

မနက်​မျက်​စိနှစ်​လုံးပွင့်​ကတည်းက ထိုကဲ့သို့စာစု​လေးအား Chanyeolထံပို့ပြီးဖြစ်​​သော်​ငြား...

သူ့အားကြည့်​ကာ ပြုံးရင်​​ထပ်​​ပြောမိသည်​။
ထိုလူသားက​တော့ ​ချေမြဲ​ချေဆဲ...။

NonchalanceWhere stories live. Discover now