Final

1.9K 230 34
                                    

[ Unicode ]

- ကျောင်းဆင်းရင် ကိုယ်လာကြိုမယ်နော်

စာသင်ချိန်ပြီးလို့ အသံပိတ်ထားမိတဲ့ဖုန်းကို ဖွင့်ကြည့်မိတော့ ဝင်နေတဲ့စာလေးကြောင့် Baekhyunပြုံးလိုက်မိသည်။ စောနကအထိ စာတွေအများကြီးရှင်းနေတဲ့ဆရာဖြစ်သူကြောင့် စိတ်ညစ်နေတာတွေတောင် ချက်ချင်းပျောက်သွားသလိုပဲ။

သိမ်းစရာရှိတဲ့စာအုပ်တွေကို လွယ်အိတ်ထဲအမြန်ကောက်သိမ်းထည့်ပြီး အခန်းထဲကနေ ခက်သွက်သွက်ထွက်လာခဲ့လိုက်၏။ အနောက်ကနေ "Baekhyun စောင့်ဦး"ဆိုတဲ့ Boyoungကိုတော့  "Chanစောင့်နေလို့"ဆိုပြီး လှည့်မကြည့်ပဲအော်ခဲ့သေးသည်။ စိတ်ကောက်သွားမယ့်သူငယ်ချင်းဖြစ်သူကို နောက်ရက်မှမုန့်ဝယ်ကျွေးပြီးချော့လိုက်တော့မယ်လေ။

ကျောင်းဝန်းထဲကနေထွက်လာတော့ မလှမ်းမကမ်းမှာ Chanyeolရဲ့ ကားအမဲလေးကိုလှမ်းမြင်လိုက်ရတာကြောင့် Baekhyunခြေလှမ်းတွေက ပိုလို့သွက်သွားတော့သည်။ မောင်းသူဘေးက ထိုင်ခုံဟာ Baekhyunအပိုင်မို့ တွန့်ဆုတ်ခြင်းမရှိဝင်ထိုင်လိုက်၏။

"ဟီးဟီး လွမ်းနေတာ"

ကားပေါ်ရောက်ရောက်ခြင်း Baekhyunပြောမိတဲ့စကားပင်။ သူလက်ဆောင်ပေးထားသည့်နာရီလေးကိုဝတ်ထားတဲ့ Chanyeolက သူ့စကားကြောင့်တချက်စောင်းကြည့်ကာ ရယ်သည်။

"အပြန်ဘယ်ဝင်ချင်သေးလဲ"

"ဟင့်အင်း၊ အိမ်ပဲပြန်ကြမယ်"

Chanyeolက ခေါင်းတချက်ငြိမ့်ပြီး ကားစက်နှိုးသည်။ Baekhyunကတော့ ကိုယ်ကိုစောင်းထိုင်ကာ ကားကိုဂရုတစိုက်မောင်းနေတဲ့Chanyeolကိုပဲ ကြည့်နေခဲ့သည်။

"မင်းမျက်လုံးမှာသာ လေဆာပါပြီးအပူထွက်ရင် ကိုယ်တစ်ရက်တည်းနဲ့ပြာကျမယ်ထင်တယ် Baekhyunee"

Chanyeolက လှည့်မကြည့်ပဲပြောလာတော့ Baekhyunကရယ်သည်။

"ကြည့်မှာပဲ။ ငေးကြည့်နေရင်းတောင် လွမ်းနေတာကို ဘယ်လိုလုပ်မလဲ"

Chanyeolပြုံးမိပြန်သည်။ ဒီကောင်လေးက တအားကိုမှ တီတီတာတာပြောတတ်လွန်းသည်။

"ရေခဲမုန့်စားဦးမလား"

"ဟင့်အင်း၊ စောနက Chanလှစ်ခနဲခိုးပြုံးလိုက်တာမြင်လိုက်ရတာနဲ့တင် ကျွန်တော့်အတွက်အချိုဓာတ်တွေလွန်နေပြီ"

NonchalanceWhere stories live. Discover now