18

1.2K 181 10
                                    

[ Unicode ]

"ဘယ်အချိန်က စပြီး ကျွန်တော့်အပေါ် ‌ပြောင်းလဲပေးသွားတာလဲ"

"အမြဲတမ်း ငါဆိုပြီး ကြမ်းကြမ်းတမ်းတမ်းတွေပြောတတ်တဲ့လူက...
ဖိတ်စာကိစ္စကြောင့် ကျွန်တော်ငိုခဲ့တဲ့ညကစပြီး ကိုယ်လို့ပြောင်းသုံးခဲ့တာ"

"အများကြီး ပြောင်းလဲပေးလာတာပဲ Chanyeollieက...
ရုတ်တရက်ကြီး တခြားတစ်ယောက်ပြောင်းသွားသလိုတောင် ခံစားရလို့... ကျွန်တော် ရင်တွေအများကြီး ခုန်နေခဲ့တာ"

"ဘာလို့လဲ... ဘာလို့ လောဘတွေတက်လာမိအောင်... ပြောင်းလဲပေးတာလဲ
ကျွန်တော်က... ဟင့်... ကျွန်တော်က ဒီထက်ပိုပြီး... လောဘတွေတက်နေမိပြီ အင့်"

၏၊သည် မရွေးတထစ်ချကြီးပြန်ကြားယောင်မိလာသောစကားလုံးတွေကြောင့် Chanyeolခေါင်းတချက်ခါထုတ်လိုက်ရသည်။

ခင်ခဲ့ဖူးသည့်နှစ်တွေကို ပြန်တွေးရရင် တကယ်ပဲ သူBaekhyunအပေါ် ခါးခါးသီးသီးဆက်ဆံခဲ့တာပင်။

မနက်တိုင်း ကျောင်းမသွားခင်လာတွေ့သည့်ကောင်လေးကို မောင်းထုတ်သည်။
သူသောက်သည့် ကော်ဖီခါးခါးတွေကို မျက်နှာလေးတမဲ့မဲ့နှင့်လိုက်သောက်သည့်ကောင်လေးကို စိတ်ပျက်သလိုကြည့်ခဲ့သည်။
အချိန်ရရင် ရသလို ကုမ္မဏီအခန်းထဲထိရောက်လာတတ်တဲ့ကောင်လေးကို မရှိတဲ့လူတစ်ယောက်လို ဥပစ်ခါပြုခဲ့သည်။
ကားပေါ်တင်ပြီး အိမ်ပြန်လိုက်ပို့ခဲ့ပင်မဲ့ ဒါဟာလုပ်ဖော်ကိုင်ဖက်ရဲ့သားဖြစ်တာကြောင့် မကောင်းတတ်၍ဆိုသည့်အသိအား ထိုကောင်လေးလည်းကောင်းကောင်းသိလိမ့်မည်။
အဆိုးဆုံးအထိ... ထိုကောင်လေး ဖုန်းခေါ်တိုင်း Chanyeolဘက်ကဖုန်းချပစ်ခဲ့သည်။

"ဟို... Chanဖုန်းကိုင်ပြီး စကားမပြောချင်လည်း ကျွန်တော် smsလေးတော့ပို့မယ်လေနော်... အာ... Chanစာပြန်စရာမလိုပါဘူး
ဒီတိုင်း.. ဒီတိုင်း ကျွန်တော်ပြောချင်တာလေးကို စာနဲ့ပို့ပြီး Chanသိသွားရင်ရပြီရယ်" လို့ မဝံ့မရဲပြောလာသည့်အခါတုန်းကတောင် Chanyeolဘက်က ခေါင်းငြိမ့်ခေါင်းခါတောင်မလုပ်ခဲ့မိဘူး။

အတွေးနဲ့အတူ လက်က သူ့ရဲ့ဖုန်းကိုလှမ်းယူလိုက်မိသည်။

အခုထိ contactမမှတ်ထားရသေးသော ဖုန်းနံပတ်စိမ်းလေးမှာ "အင်း မင်းရောပဲ"လို့ ပြန်ထားတဲ့စာလေးက ပထမဆုံးနှင့် နောက်ဆုံးဖြစ်သည်။ အပေါ်သို့အနည်းငယ်ဆွဲကြည့်မိတဲ့အခါ replyမရှိသည့် တဖက်သတ်စာကြောင်းလေးတွေက တစီတတန်း...။

NonchalanceWhere stories live. Discover now