14

4.8K 726 40
                                    

[ Zawgyi ]

ဖိတ်စာသွားယူရမည့်ဆိုင်တွင် Baekhyun, Chanyeolနှင့်အတူရောက်နေရသည်။
Chanyeolပြောခဲ့သည့်တိုင်း ဖိတ်စာအဝါလေးသည် ရိုးရိုးရှင်းရှင်းနှင့် Baekhyunသဘောကျသည့်ပုံစံမျိုးဖြစ်သည်။

"အဆင်ပြေရဲ့လား Baekhyun?
မကြိုက်ရင် ပြန်ပြင်ပေးမယ်လေ"

အရင်က လိုတာထက်ပိုမပြောတတ်သော Chanyeolသည် မနေ့ညကစပြီး အနည်းငယ်နူးညံ့သွားပုံရသည်။

"ကျွန်တော် သဘောကျပါတယ်"

"တကယ်အဆင်ပြေရဲ့လား?"

Baekhyun"အင်း..."ဟုသာပြန်ဖြေလိုက်သည်။
သူ့သဘောကျ အဲ့လိုကြီးလိုက်ပူပန်ပေးနေတော့လည်း နေရခက်လိုက်တာလေ...။

"Park Chanyeolက အဲ့လိုဂရုစိုက်တတ်တဲ့လူစားမျိုးဆိုတာ ငါတကယ်မထင်ထားခဲ့ဘူး"

Chanyeolရဲ့သူငယ်ချင်းဟုမိတ်ဆက်ပေးသော ဆိုင်ပိုင်ရှင်အမကြီးက Chanyeolအား ပြုံးစိစိဖြင့်ပြောလာသည်။

"ဖြစ်ရလေ Yujinရယ်"

"ကျောင်းတတ်တုန်းက နင့်ပုံစံကိုမှတ်မိလား?
ဘယ်သူ့ကိုမှစပြီးစကားမပြောတတ်ပဲ တစ်ယောက်တည်းငြိမ်ကုတ်နေတတ်တာလေ"

Baekhyun တခါမှChanyeolရဲ့ငယ်ငယ်ကအကြောင်းတွေကိုမကြားဖူးခဲ့ဘူး။
Chanyeolကို မေးကြည့်ဖူးပင်မဲ့လည်း တခါမှသိခဲ့ရသည်ဟူ၍မရှိခဲ့.....။

"Chanyeollie ငယ်ငယ်က တအားအေးတာလား Noona"

Baekhyunသိချင်၍ ထုတ်မေးလိုက်တော့ Yujinဆိုသည့်Noonaက အားတက်တရောပြောပြတော့မည့်ဟန်ပြင်တော့သည်။

"အေးတာလား တော်ရုံလူတွေကိုအဖတ်မလုပ်ချင်တာလားတော့မသိဘူး"

"ဟာ.... Yujin!"

အစပြုစကားမှာတင် Chanyeolထံမှ အလိုမကျဟန် တားမြစ်သံလေးကထွက်လာလေသည်။
သို့သော်ငြားလည်း Yujin Noonaကတော့ အလျော့မပေးပဲ ဆက်ပြောလာသည်။

"တခြားကျောင်းသားတွေနဲ့ကို မတူဘူး!
လူကြီးကျနေတာပဲ
အမြဲတမ်း တစ်ယောက်တည်းနေပြီး ငြိမ်နေတတ်တာ....
တဖက်လူကို စမိတ်ဆက်ရမှာမျိုး မကြိုက်တဲ့ပုံပါပဲ
Noonaနဲ့တောင် Noonaရဲ့သူငယ်ချင်းကတဆင့်ခင်ခဲ့ရတာရယ်....
သူ့သူငယ်ချင်းတွေနဲ့ဆိုရင်တော့ စနောက်ပြီးသွက်သွက်လက်လက်ပင်မဲ့
ကျန်တဲ့အချိန်ဆိုရင်တော့ ဘဝင်လေဟပ်နေပုံကြီး!"

NonchalanceWhere stories live. Discover now