အပိုင်း (၄)

35.9K 375 10
                                    




"အကို့ကို ပြောစရာရှိလို့"
သူမ၏ စာကို ကိုယ် ချက်ချင်း rpပြန်လိုက်တယ်"

"ပြောပါ ညီမလေး"

"အကိုနဲ့ ယွန်းမြတ်အိမ် နဲ့က တွဲနေကြပြီလားဟင်"

"အမ်"
ကိုယ် ရုတ်တရက် ကြောင်သွားတယ်။ သူမ ဘာသဘောနဲ့ မေးနေတာလဲ။

"မဟုတ်ပါဘူး ဘာဖြစ်လို့လဲ ညီမ"

"အဲ့ဒိ ယွန်းမြတ်အိမ်မှာ ကောင်လေးရှိတာ အကို မသိဘူး ထင်လို့ပါ"
ကိုယ် သိလိုက်ပြီ။ ဒီကောင်မလေးက အယွန်းနဲ့ ပတ်သတ်ပြီး မကျေနပ်ချက်တစ်ခုခုရှိမယ့်သူ ဆိုတာ။

"အဲ့တာ ဘာဖြစ်လို့လဲ ညီမ, သူ့မှာ ကောင်လေးရှိတာ ကိုယ်နဲ့ မဆိုင်ဘူး ထင်တယ်"

"ညီမ ပြောပြမယ်နော်, အကိုတို့ hotel ကနေ ထွက်လာတာ ညီမ တွေ့ခဲ့တယ်။ အယွန်းနဲ့ညီမနဲ့က သူငယ်ချင်းပါ။ ဒါပေမယ့် အယွန်းကြောင့်
အကို နာမည် ပျက်မှာစိုးလို့ပါ"

"ရပါတယ် ညီမ, ကိုယ်က လုပ်သင့်တာထက် လုပ်ချင်ရင် လုပ်တတ်တဲ့ အကျင့်ရှိလို့ပါ"

"အကို အယွန်းအကြောင်းမသိသေးဘူးထင်တယ်။ အယွန်းက ဘဲအရမ်းရှုပ်တာ "

"အဲ့တာ ကိုယ် သိပါတယ်။ ကိုယ် သဘောကျလို့ Date ခဲ့တာလေ"

"အကိုက ပြောရခက်လိုက်တာ"

"ဖြစ်တတ်ပါတယ်"
ခပ်ပြတ်ပြတ်ပဲ ကိုယ် အဆုံးသတ်လိုက်တယ်။
ဒီလို မိန်းခလေးမျိုးကို ကိုယ် အရမ်းရွံတယ်။
HD ထွက်ခဲ့လို့ ရွံတာ, အထင်သေးတာ မရှိပေမယ့် သူငယ်ချင်းကို မကောင်းပြောတာတော့ ကိုယ် မုန်းတာ သေချာတယ်။ ကိုယ် ၂ ခါ မစဉ်းစားလိုက်ရပါပဲ ဆုယမုံထက် ဆိုတဲ့ သူမကို
un ပစ်လိုက်ပါတယ်။ ကိုယ် မလွန်ပါဘူး
...............................................................

တာမွေ က တိုက်ခန်းလေး၏ ၁၀ ပေ ပတ်လည်သာသာ အခန်းကျဉ်းတစ်ခုထဲတွင် မိန်းခလေးတစ်ယောက် ငိုကြွေးနေသည်။ နက်မှောင်၍ ရှည်လျားသော ဆံပင်, ညိုတိုတို အသားအရည် နှင့် ဆုယမုံထက်။

သူမ ဘာကိုမှ နားမလည်တော့။
သူမ အချစ်ဆုံး သူငယ်ချင်းက
သူမ၏ အချစ်ဆုံးသူကို လုယူသွားသည်။
သူမ၏အချစ်ဆုံးသူ က သူမကို အထင်သေးပြီး un သွားသည်။ သူမ သတ်သေပစ်ချင်လာသည်။ သူမ အတတ်နိုင်ဆုံး ထိုသူ့အနားရောက်ဖို့
ကြိုးစားနေသည်မှာ သူမသာလျှင် အသိဆုံး။
အခုတော့ သူမ အရှုံးနှင့်ရင်ဆိုင်လိုက်ရသည်။

Princess of Dark God 🔞Where stories live. Discover now