အပိုင်း (၆)

33.2K 323 13
                                    

Princess of Dark God
အပိုင်း (၆)

ဖုန်းမြည်သံ ကြားလိုက်၍ လူမော်အောင် ဖုန်းထုတ်ကိုင် လိုက်သည်။
"......."
"အေး အေး ငါ အခုလာခဲ့မယ်"

ချိုက သူ့ကို ကြည့်နေ၍ လူမော်အောင် အနားကပ်၍ ရှင်းပြလိုက်သည်။

"ဇေယျာ ခြေထောက် အရိုးအက်သွားလို့ ဆေးရုံရောက်နေတယ် ။ ငါ လိုက်သွားမှ ဖြစ်မယ် ချို, နောက်ရက်မှ နင့်ကို သေချာ ပြန်ချော့မယ်နော် "

ပြောပြောနှင့် ဆိုင်အပြင်ကဘက်ကို အပြေးတပိုင်း ထွက်သွားသည့် သူ့ကို ကြည့်ကာ ချိုရင်မောမော နှင့် ကျန်ခဲ့လေသည်။ မိသားစု ပြီးလျှင် သူငယ်ချင်းများကို လူမော်အောင် အချစ်ဆုံး ဆိုတာ သူမ အသိဆုံးပင်။

ချို တစ်ယောက်တည်းပဲ ယမုံ ဆိုသော ကောင်မလေးနှင့် တွေ့ရတော့မည်ပေါ့။
...............................................................

"ယမုံ ထင်တယ်"

"ဟုတ်ပါတယ် အမ"
ယမုံ ပြန်ဖြေရင်း မော့ကြည့်လိုက်တော့ သူမ တစ်ယောက်တည်း။ ခုဏကလေးတင်အထိ
လူမော်အောင် ရှိနေပါသေးသည်။

"အစ်မ နာမည် လင်းလက်ချို ပါ ယမုံ"

"ဟုတ် အစ်မ , ဒါနဲ့ အစ်မ က တစ်ယောက်တည်းလာတာလား"
ယမုံ စိတ်စောစွာ မေးမိသည်။

"အော် , အစ်မ သူငယ်ချင်းနဲ့ပါ။ သူက အရေးကြီး ကိစ္စလေးပေါ်လာလို့ ပြန်ထွက်သွားတာ"

"အော်... ဟုတ်"
ယမုံ အခုမှ သက်ပြင်းချနိုင်တော့သည်။

"အခု အစ်မ လာရင်းကိစ္စက အမ အဒေါ်နဲ့ ပတ်သတ်တယ် ယမုံ။ အမ အဒေါ်ရဲ့ လုပ်ရက်တွေ အတွက် အဘိုးက သူ့ကို အမွေပြတ်စွန့်လွတ်လိုက်ပြီ။ ပြီးတော့ ညီမလေးက နစ်နာခဲ့ရတာ ဆိုတော့ အဘိုးက တစ်ခုခု ပြန်လုပ်ပေးချင်တယ်။ အဲ့တော့ ယမုံ့ကို ကျောက်မြောင်းက တိုက်ခန်း ပေးချင်တယ်"

ယမုံ မျက်လုံး ပြူးသွားသည်​။ နစ်နာခဲ့လို့ ပြန်ပေးတာက သိန်း ထောင်ချီတန်တဲ့ တိုက်ခန်း တဲ့လား။
"ညီမ မယူပါရစေနဲ့ အစ်မ။ အဲ့လောက်ကြီးထိ မလိုပါဘူး"

"ယမုံ, အဘိုးက ကောင်းမယ် ထင်လို့ စီစဉ်ထားတာပါ။ ယမုံ့ဘက်က လက်ခံပေးဖို့ အစ်မ တောင်းဆိုပါတယ်"

Princess of Dark God 🔞Where stories live. Discover now