အပိုင်း (၁၇)

18.8K 231 19
                                    




Princess of Dark God
အပိုင်း (၁၇)

လူမော်အောင် အခန်းရှေ့တွင် လူးလားခေါက်တုံ့ သွားနေမိသည်။ ဘုရားစာ တတွတ်တွတ်ရွတ်ခါ
ထိုင်မရ ထမရနှင့် နေရခက်နေချေသည်။

"...."
nurse က အခန်းတံခါးကို ဖွင့်လာတော့ သူ မျော်လင့်တကြီးနှင့် ကြည့်လိုက်မိသည်။

"မိန်းခလေး မွေးတယ်။ ခလေးရော အမေရော
ကျန်းမာပါတယ်ရှင်"

"ယေး...."
သူ ပျော်လွန်း၍ ထခုန်လိုက်သည်။ လာစောင့်ပေးနေသော သူငယ်ချင်းများကို
လိုက်ဖက်နေရင်း လင်းခက်ဆစ်ကိုပါ
ဖက်လိုက်သည်​။ လင်းခက်ဆစ်က အိုးတိုးအန်းတန်း ဖြစ်နေလေသည်။ သည်နေ့တော့ လူမော်အောင့်တွင် အပျော်များသာ ရှိသည်။

မွေးခန်းထဲက ထွက်လာတော့ သူ သမီးလေးကို
ကြည့်မဝ ဖြစ်နေသည်။ ဝဝကစ်ကစ် နှင့် ဖြူဖြူဖွေးဖွေး ချစ်စရာလေးပင်​။ ယမုံ့ကိုလည်း
ပိုတိုး၍ ချစ်လာမိသည်။ ထိုနေ့တစ်နေ့လုံး ဆေးရုံခန်းထဲ တွင်သာ သူ အချိန်ကုန်နေတော့သည်။

××××××××××××××××××××××××××××××

"အူဝဲ အူဝဲ...."
"ယောက်ျားရေ သမီးကို ကြည့်လိုက်ဦး"
"အေး အေး မိန်းမ"
လူမော်အောင် အိမ်သာထဲက လှမ်းအော်လိုက်ပြီး ကမန်းကတမ်း ရေဆေး၍ ထွက်လာသည်။ ထို့နောက် သမီးလေးကို ချီလိုက်ပြီး

"ကျွတ် ကျွတ် .. မငိုနဲ့တော့နော် သမီးလေး..
ဖေကြီး ရှိတယ်နော်..."
ဖင်လေးပုတ်၍ ချော့သိပ်နေလိုက်သည်။

"တော် အိမ်သာက ထွက်လာတာလား"
"အေးလေကွာ မင်းပဲ သမီးကိုကြည့်လိုက်ဦးဆို"

"လက်ရော ဆေးပြီးပြီလား..."
ယမုံက နှုတ်ခမ်းမဲ့၍ ပြောလာတော့
သူ ရယ်ကြဲကြဲလုပ်လိုက်သည်။

"ဟီး... ရုတ်တရက်ဆိုတော့ မဆေးခဲ့ရဘူး"

"ညစ်ကိုညစ်ပတ်တယ်, အရင်သွားဆေး..
ပေး သမီး.."
ယမုံက ပြောပြောဆိုဆိုနှင့် လူမော်အောင့်လက်ထဲမှ သမီးလေးကို လက်ပြောင်းယူလိုက်သည်။

"ညစာ က အသေးလေးကို နွှေးခိုင်းလိုက်နော် ယောက်ျား"
"အေးပါကွ"
သူ ယမုံ့ကို ပြန်အော် ပြောလိုက်သည်။

Princess of Dark God 🔞Where stories live. Discover now