အပိုင်း (၁၀)

24.3K 277 29
                                    


Princess of Dark God
အပိုင်း (၁၀)

ချို့အမေ ဖုန်းဖြစ်သဖြင့် သူအံ့ဩတကြီး ကိုင်လိုက်သည်။

"Hello သားရေ"

"ဟုတ်ကဲ့ အန်တီထား"

"သား အိမ်လာခဲ့ပါလား, အရေးကြီးလို့ပါကွယ်"

"ဘယ်အချိန်လောက်လာခဲ့ရမလဲ အန်တီထား,
ချို လာခေါ်မှာလား, ကျနော်ကိုယ့်ဘာသာပဲ
လာခဲ့ရမလား"

"ချို့အကြောင့် ပြောမလို့ သားရေ,
ဖြစ်နိုင်ရင် အခုလာပေးလေ"

"ဟုတ်ကဲ့ အခုထွက်ခဲ့မယ် အန်တီထား"

ဖုန်းချပြီး ကားမောင်း၍ ချို့အိမ်ကို ထွက်လာခဲ့လိုက်သည်။

"အန်တီထားရေ ကျနော်ရောက်ပြီ"

"အေး သားရေ အန်တီထား မျော်နေတာ"

"ဘာဖြစ်လို့လဲ အန်တီထားရဲ့"

"မင်းသူငယ်ချင်းပေါ့, ပြန်ရောက်တာ ၄ လ ကျော်ပဲ ရှိသေးတယ်။foreign အပြီးထွက်တော့မယ် လုပ်နေတယ်ကွယ်"

"သူက အရင်တည်းက အဲ့မှာပဲ အခြေချ ချင်တာလေ အန်တီထားရဲ့"

"အခုက အဲ့လိုမဟုတ်ဘူး သားရဲ့,
သားလည်း သိတဲ့အတိုင်းပဲ, အန်တီတို့မှာ အသက်က မငယ်တော့ဘူး။ ဒီသမီးလေး တစ်ယောက်တည်းကို စိတ်ချထားခဲ့ချင်တယ်ကွယ်။ သားတို့ အသက်ပဲ ၂၇ ရှိနေကြပြီမလား။"

"ဟုတ် အဲ့တာဘာလို့လဲ အန်တီထား"
သူ ဝေဝေဝါးဝါးပဲ ပြန်ဖြေလိုက်သည်။

"သားက ယောက်ျားလေးဆိုတော့ အဆင်ပြေပေမယ့် ချိုကကျ အိမ်ထောင်ပြုသင့်နေပြီလေ။ မနေ့က အဲ့အကြောင်း ပြောတော့
ချိုက သူချစ်တဲ့တစ်ယောက်ကိုပဲ တသက်လုံးချစ်နေမယ်။ နောက်အပတ်ထဲကျ foreign အပြီးထွက်တော့မယ် တဲ့ကွယ်"

"ဗျာ..."
သူ အန်တီထားကို ဆက်ပြောလိုက်သည်။

"သူ လိုချင်တဲ့သူနဲ့ ပေးစားလိုက်လေဗျာ,
ကျနော်က ဘာများလဲလို့"

"အမလေးတော်, သားပြောသလို လွယ်မနေဘူး။
အန်တီတို့ မေးပါ့။ ဘယ်သူလဲ ဆိုတာ။
မဖြေဘူးလေ ရှင့်သူငယ်ချင်းက။ ဇွတ်ကို foreign အပြီးထွက်မယ် ဆိုပြီး ပြောနေတာ"

Princess of Dark God 🔞Where stories live. Discover now