အပိုင်း (၁၁)

21.6K 266 39
                                    



Princess of Dark God
အပိုင်း (၁၁)

"ပြော အယွန်း"

"Daddy --- ဆေးရုံ ကို လာခဲ့ပါလား"

"အယွန်းဘာဖြစ်လို့လဲ"
​သူ မေးလိုက်တော့

"အယွန်းဖြစ်တာ မဟုတ်ဖူး။ ယမုံ ဖြစ်တာ Daddy"

"အင်း အင်း ခဏနေထွက်ခဲ့မယ်"

ဖုန်းချပြီးတော့ သူ မျက်နာသစ်လိုက်သည်။
မနေ့ညက ချို့ဘေးမှာ လူနာစောင့်ရင်း တစ်ချိန်လုံး သူ မအိပ်ရသေး။ ချို့ကို ကြည့်လိုက်တော့ အိပ်မောကျနေဆဲ။

အခန်းထဲကို သူနာပြုလေး ဝင်လာပြီး
​လုပ်စရာ ရှိတာ လုပ်နေသည်။
"ကျနော် အပြင်သွားစရာလေးရှိလို့
ဆရာမ ခဏ စောင့်ပေးလို့ရမလား"

"ရပါတယ် အစ်ကို,
အခုတော့ Duty ချိန်းဖို့ သွားပြောလိုက်ဦးမယ်"
ဆရာမ ပြန်ထွက်သွားတော့
သူ ချို့အနားလေးကို သွားလိုက်တယ်။ ချို့ မျက်နာလေးကို ခဏငေးကြည့်ပြီးတော့
ချို့ နဖူးလေး တယုတယ နမ်းလိုက်တယ်။
ပြီးတော့ သူထွက်လာခဲ့တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သူ ---- ဆေးရုံရောက်တော့ reception မှာ မေးပြီး ယမုံရှိရာ အခန်းကို တက်လာလိုက်သည်။
အခန်းတံခါးဖွင့်လိုက်တော့ အခန်းထဲတွင်
Nurse နှင့် အတူ မိန်းခလေး ၄ ယောက်။
အယွန်း ကို သူပြုံးပြလိုက်သည်။
အယွန်းက သူ့ဆီ လျောက်လာလိုက်ပြီး

"မနေ့က ဖြစ်တာ Daddy,
သူ သောင်းကြမ်းပြီး လက်ကို မှန်ကွဲနဲ့ လှီးချလိုက်တာ, ဆရာဝန်ကတော့ စိုးရိမ်စရာ မရှိတော့ဘူး လို့ ပြောတာပဲ"

"အော် အင်းပါ..."
သူ့ခေါင်းထဲ မနေ့က အကြောင်းအရာများ လျပ်တပြတ် ပြေးသွားသည်။
သူ ယမုံ့ကို အော်မိသွားတာကိုး..။

သူ ယမုံ့ကို ကြည့်လိုက်တော့ မျက်နာက ဖြူလျော့နေသည်။ သူ သက်ပြင်းခိုးချလိုက်ပြီး
ယမုံ့လက်လေးကို ဆုပ်ကိုင်ထားလိုက်သည်။

ယမုံကို လူနာစောင့်ရင်း အယွန်းနှင့် ၂ ယောက်တည်း ကျန်ခဲ့တော့ သူတို့စကားပြောဖြစ်သည်။

"Daddy ကြည့်ရတာ မလန်းသလိုပဲ"

"အင်း ကိုယ်နည်းနည်း ခေါင်းကိုက်နေလို့ပါ"

Princess of Dark God 🔞Where stories live. Discover now