အပိုင်း (၈)

27.4K 274 19
                                    



Princess of Dark God
အပိုင်း (၈)

" အေး ချို ပြော "
စာဖတ်နေတုန်း ချို့ ဆီမှ ဖုန်းဝင်လာခြင်း ဖြစ်သည်။

" လူမော် ငါ ညနေ ဟိုကောင်မလေး နဲ့ သွားတွေ့ဖို့ ရှိတယ်။ လိုက်ခဲ့ပေးဟာ "

"အေး အေး ဟုတ်ပီ, ဘယ်အချိန်လဲ "

" ၃:၃၀ လောက်ပေါ့, ငါ လာခေါ်မယ် "

"အင်း ငါစောင့်နေမယ်"
ပြောပြီး ဖုန်းချလိုက်သည်။ ချို့အဒေါ်၏
သနားစရာ လင်ပါသမီး လေးကို သူလည်း တွေ့ဖူးချင်သည်။ ငယ်ငယ်ရွယ်ရွယ်နှင့် လောဂဓံ ကို အတော်ခံ ခဲ့ရသည် မဟုတ်ပါလား။

×××××××××××××××××××××××××××××××

ချိုက ကားကို ရွှေတိဂုံ ဘုရားလမ်း အတိုင်းမောင်းနေသည်။ သိပ်မကြာခင်ပဲ ကော်ဖီဆိုင် တစ်ခုသို့ ရောက်ရှိသည်။

" ဟင် "
ဒီကောင်မလေး မျက်နာကို သူမြင်ဖူးနေသည်။
တစ်နေရာရာမှာ သူမြင်ဖူးသည်။ သို့သော် ဝေခွဲမရ။

"လူမော် မိတ်ဆက် ပေးရဦးမယ် , ဒါ ဆုယမုံထက် တဲ့, ယမုံ ဒါ အစ်မ သူငယ်ချင်း လူမော်အောင် "

သူ မှတ်မိလိုက်ပြီ။ အယွန်း အကြောင်း သူ့ကို လာပြောသော (တစ်နည်း) သူကြည့်ဖူးသော Hd ထဲက ကောင်မလေးပင် ...။

"တွေ့ရတာ ဝမ်းသာပါတယ် ညီမ"
သူ မသိချင်ယောင်ပဲ ဆောင်နေလိုက်သည်။

"ဟုတ်ကဲ့ အစ်ကို"
သူမလည်း ခပ်တန်းတန်းပင် ပြောလာသည်။

ထို့နောက် သူ မွန်းကြပ်လာ၍ ကော်ဖီဆိုင် အပြင်ထွက်ကာ ဆေးလိပ်သောက်နေလိုက်သည်။ ခဏကြာတော့ ချို ထွက်လာသည်။

"ပြန်တော့မလား ချို"

"အင်း ပြောစရာရှိတာတွေ ပြောပြီးပြီ"

"Ok ..."

"ရော့ ..." သူ့ကို ကားသော့ ပစ်ပေးလိုက်၍
သူ ချို့ ကို ခေါင်းဆတ်ပြလိုက်သည်။

ချိုက အနားကပ်လာခါ
" ငါ နင့်ကို လွမ်းနေပြီ။ ဘယ်ကိုသွားမလဲ နင်ရွေး"

ပြောပြီး မျက်စိ မှိတ်ပြလိုက်တော့ သူ ကားကို တာမွေ ဘက်ကို ဦးတည်၍ မောင်းချလာလိုက်တော့သည်။

Princess of Dark God 🔞Where stories live. Discover now