အပိုင်း (၁၂)

21.3K 259 43
                                    



Princess of Dark God
အပိုင်း (၁၂)

" ချို ချို ဒီနေ့ လေယာဉ်ပျက်ကျတဲ့ထဲ
ပါသွားတယ်တဲ့"

"ဘာ ... "
"ချို.. ချိုက "
"ဟင့်အင်း ချို ဆေးရုံဆင်းတာ ၃ ရက်ပဲ ရှိသေးတာ, မဖြစ်နိုင်ဘူး"
"အခု အန်တီထား ဘယ်မှာတဲ့လဲ"

"လေဆိပ်မှာ "

ဇေယျာ့စကားဆုံးသည်နှင့် လူမော်အောင်
အပြေးတပိုင်း ကားပေါ်တက်၍ လေဆိပ်သို့ မောင်းချလာသည်။
မီးနီတွေ ဖြတ်ခဲ့မိသလား...။
ယာဉ်ထိန်းရဲရဲ့ ဝီစီသံတွေလား..။
ဆဲဆိုသံတွေလား သူ မသိတော့...

ဟင့်အင်း မဖြစ်ရဘူး...
ချိူ မဖြစ်ရဘူး
ချို နင်မထွက်သွားရဘူး...
နင်အမြဲ ငါ့နားမှာပဲ ရှိနေချင်တာဆို...
ငါတောင်းပန်ပါတယ်
ပြန်လာခဲ့ပါ ချို....

လေဆိပ်ရောက်တော့ အန်တီထားကို တွေ့လိုက်သည်။ ချုံးပွဲချ ငိုနေ၍ သူ အားတင်းကာ
အန်တီထားဆီ လျောက်သွားလိုက်သည်။

"အန်တီထား..."
သူတိုးတိုးလေး ရေရွတ်လိုက်တော့
အန်တီထား မော့ကြည့်လာသည်။ ပြီးတော့
သူ့ကို ဖက်၍ ငိုနေလေတော့သည်။

"ဘယ်လိုဖြစ်တာလဲ အန်တီထားရယ်"
သူမေးလိုက်တော့

"ဒီမနက်မှ မပြောမဆို ထွက်သွားတာ။
လေယာဉ်ထွက်ခါနီးကျ ဖုန်းဆက်ပြီး
ပြောရှာတယ်။ သူ UK ကို အပြီးသွားတော့မယ်တဲ့။ အခုတော့ အခုတော့...."
အန်တီထား ဆက်မပြောနိုင်တော့ပဲ ငိုနေချေပြီ။

သူ့စိတ်တွေ ဝေဝါးလာတယ်။ ချို ဘာလို့
ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာလဲ..
သူ ချို့အမေကိုပွေ့ထားရင်း မျက်ရည်များ
စီးကျလာသည်။...

××××××××××××××××××××××××××××××

၂ ရက်လောက် အိမ်ထဲက အိမ်ပြင်မထွက်ဖြစ်။
အစားရော ဝင်ရဲ့လား သူမသိ။

"ဒေါက် ဒေါက် ...."

"ဘယ်သူလဲ"
သူ ဗလုံးဗထွေး ပြောလိုက်တော့

"ပါဆယ် လာပို့တာပါ ခင်ဗျ"

သူ ဒယီးဒယိုင်နဲ့ တံခါး ထဖွင့်ပေးလိုက်တယ်။
အထုတ်လေးတစ်ခု ပေးပြီး ထွက်သွားတော့
သူ အထုတ်ကို ကုတင်ပေါ်ပစ်တင်လိုက်တယ်။
ပြီးတော့ သောက်လက်စ ပုလင်းကို ကိုင်ပြီး
တစ်ဆုံးမော့ချလိုက်တယ်။

Princess of Dark God 🔞Where stories live. Discover now