Secondchance

2.4K 203 0
                                    

Unicode

လောက ကြီးက မျက်နှာ လိုက်တယ်..
ချစ်မိတာ လေးအတွက်နဲ့ အသက်ကို ပေးဆပ်ရရုံတင် မဟုတ်ဘူး
ချစ်ရတဲ့သူတွေကိုပါ ဆုံးရှုံးလိုက်ရတယ်...

ချစ်မိတာအတွက် တန်ကြေးလား...
အလျော်အစား ကြမ်းလွန်းတယ်....

ဆယ်ကျော်သက်တစ်ယောက်ရဲ့ အချစ်က အန္တာရယ် ကြီးလွန်းတယ်
သူမ ထိုလူကို စတွေ့ခဲ့တာ လွန်ခဲ့တဲ့ ၇နှစ်ကပေါ့..
အခုဆို သူမ အသက် ၂၃နှစ်....
၁၆နှစ်မှာ မှားခဲ့တဲ့အမှားကြီးက ထိုသူကို ချစ်မိခဲ့တာပဲ...

သူမနာမည် မုချီအန်...
သူမက မုမိသားစုရဲ့ တတိယ မျိုးဆက်။
တစ်မြို့လုံးရဲ့ အချမ်းသာဆုံးစာရင်းမှာ နံပါတ်(၅)
သူမရဲ့ အစ်ကို မုလီရှန်က ကျော်ကြားတဲ့
အနုပညာရှင် Aအဆင့် သရုပ်ဆောင်။
အလိုလိုက်ခံရလို့ ဆိုးသွမ်းပြီး ထင်တိုင်းကြဲမိတဲ့ သူမရဲ့ အမှားကြောင့် မုမိသားစု တစ်ခုလုံး ပျက်စီးသွားခဲ့ရပြီ...

သူမရဲ့ မုဖိုးဖိုးလဲ သူမကြောင့် နှလုံးအမောဖောက်ပြီး ဆုံးပါးသွားခဲ့ရတယ်။ သူမရဲ့ မိဘ နှစ်ပါးကလဲ မသင်္ကာစရာ မတော်တဆမှုနဲ့ လူ့လောက ကနေ ထွက်ခွာသွားခဲ့ရတယ်။ သူမရဲ့ အစ်ကိုကလဲ နာမည်ပျက်တွေနဲ့
လူအများရဲ့ ကဲ့ရဲ့မှုအလယ် သံတိုင်ကြား ရောက်ရှိပြီး လူ့လောက ကိုကျောခိုင်းသွားခဲ့တယ်။ နောက်ဆုံးအနေနဲ့ ဒေဝါလီခံရတော့မယ် ကုမ္ပဏီ တစ်ခုသာ ကျန်ခဲ့တယ်။
သူမရဲ့ နောက်ဆုံးခရီးတောင်ချောမွေ့မှုမရှိခဲ့ဘူး။

မှောင်မိုက်နေပြီး ကြွက်တွေပိုးကောင်တွေ သွားလာနေတဲ့ မြေအောက်ခန်းကြီးထဲမှာ သေးသွယ်တဲ့ လက်ကောက်ဝတ်လေးကို လေးလံတဲ့သံကြိုးကြီးတွေ ခက်ထားခံရပြီး စုတ်ပြဲနေတဲ့ ဂါဝန်အညစ်ပတ်လေးနဲ့ နှုတ်ခမ်းထောင့်မှာ သွေးများကျနေပြီး မျော့မျော့သာရှိတဲ့ မိန်းမငယ်တစ်ဉီး..။

သေချာပေါက် မုချီအန်ပေါ့

မြေအောက်လျှောက်လမ်းမှ ကြားရသူအဖို့ ဖိအားတွေ များစွာပေးနေပြီး
ရက်စက်မှုတို့ ပြည့်နေတဲ့ ခြေသံ~

သူမကို ဖမ်းချုပ်ထားတဲ့ မြေအောက်ခန်းနား နီးကပ်လို့လာခဲ့တယ်။တံခါးဖွင့်သံနဲ့အတူ အခန်းထဲသို့ ရက်စက်မှုတွေနဲ့ ဝင်လာတဲ့ ယောကျာ်းတစ်ယောက်။ မှောင်မိုက်တဲ့ အခန်းက အကြောက်တရားတွေ လွှမ်းခြုံသွားခဲ့တယ်။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now