Arc 1.8 အန်းရီချန်း

1.6K 222 11
                                    

Unicode

ထိုစာတွေနဲ့ပင် သက်သေတွေက လုံလောက်နေပါပြီ...ဟူးဝေဖန်း တစ်ချက် မေ့သွားသည်မှာ ထိုစာတွေကိုပါပဲ..

*ဝေဖန်းကြိုက်တာလေး ဝယ်ပေးလို့ ကျေးဇူး* ဆိုတဲ့ စာတစ်ကြောင်းနဲ့ တင် ဟူးဝေဖန်းရဲ့ မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလိုပါပဲ။ သူမရဲ့ မျက်နှာဟာလဲ နီရဲနေပြီး အစိမ်းရောင်ပြောင်းလိုက် အမဲရောင်ပြောင်းလိုက်နှင့်ဆောက်တည်ရာမရဖြစ်နေသည်။

ဟူးဝေဖန်းရဲ့ စိတ်ထဲ ဘယ်လိုဖြစ်နေမလဲ ဆိုတာ ရှီအာသိတာပေါ့။ရှီအာရဲ့ မျက်နှာမှာ လှောင်ပြုံးတစ်ချက်ဖြတ်ပြေးသွားတာကို ဟူးဝေဖန်းကလွဲလို့ ဘယ်သူမှမမြင်လိုက်။ ဟူးဝေဖန်းဟာ ရှီအာ့ရဲ့ ထောက်ချောက်ထဲကို ဝင်သွားခဲ့သည့်အပြင် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုဖြစ်သွားခဲ့သည်။ ရှီအာဟာ ဟူးဝေဖန်းအပေါ် ဒီလောက်ထိ မလုပ်ချင်ခဲ့ပါဘူး။ သို့ပေမယ့် အရှုပ်တွေကို စောစောကတည်းက ရှင်းထားသည်က ပိုကောင်းသည်လေ။ ထို့ကြောင့် နောင်လဲ ရှင်းရမည့်အတူတူ ယခုကတည်းကရှင်းရန် ဆုံးဖြတ်လိုက်သည်။ သူမရဲ့ side quest ကိုအောင်မြင်အောင်လုပ်ရမည်လေ။ မူလကိုယ်အတွက် ကလဲ့စားချေပေးရမယ်လေ။

ဟူးဝေဖန်းရဲ့ ရှီအာအပေါ် နိုင်ထက်စီးနင်းလုပ်ခဲ့တာတွေကို စကားနဲ့ပြောပြရုံနဲ့ မလုံလောက်ပါဘူး။ အားလပ်ရက်တိုင်း ရှီအာ့အိမ်သို့ လာလည်ပြီး ရှီအာ့ရဲ့ အဖိုးတန်အသုံးအဆောင်တွေကို ယူလေ့ရှိတဲ့ဟူးဝေဖန်း...ဒါတွေက ရှီအာ့အတွက် မပြောပလောက်ပါဘူး။ သို့ပေမယ့် မူလကိုယ် တန်ဖိုးထားရတဲ့ ဆွဲကြိုးလေးကိုပါ မချန် တောင်းဆိုသည်တဲ့လေ။ ရှီအာ့ရဲ့ အဖြေကိုတောင်မစောင့်ပဲ "ရှီအာ အဲ့ဆွဲကြိုးလေးက အရမ်းလှတယ် ဝေဖန်းယူလိုက်မယ်နော်...ဝေဖန်းကိုပေးလိုက်တော့.." ပိုင်ဆိုးပိုင်နက်နဲ့ ဟူးဝေဖန်းရဲ့ စကားတွေကို ရှီအာဟာ မငြင်းဆိုနိုင်ခဲ့ပါဘူး။

ထိုဆွဲကြိုးလေးဟာ ယခင်နွမ်ဂိုဏ်းချုပ်ကြီး နွမ်ရှီအာရဲ့ အဖိုးဟာ သူမကိုပေးခဲ့တာပင်။ ရှီအာဟာ နွမ်အဖိုးနှင့် ငယ်စဉ်ကတည်းက အနေများခဲ့သည်။ သူမရဲ့အဖိုးမသေဆုံးခင်မှာ သူမကို ထိုဆွဲကြိုးလေးပေးခဲ့သည်။ ထိုဆွဲကြိုးလေးရဲ့အဓိပ္ပါယ်ဟာ ထိုဆွဲကြိုးဆွဲသူကို နွမ်မိသားစုရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်လိုက်ခြင်းပင်။ ဟူးဝေဖန်း ထိုအဓိပ္ပါယ်ကို မသိတာ ဖြစ်နိုင်ပါ့မလား။ သူမသိတာပေါ့။ သူမ တမင် တကာ ယူခဲ့တာပါ။ မူလကိုယ်ရှီအာ သေဆုံးပြီးနောက်မှာတော့ ဟူးဝေဖန်းဟာ ဇာတ်လိုက်မ ရွှဲ့လျန်းသွဲ့နှင့်ပူးပေါင်းပြီး နွမ်ဂိုဏ်းကို သိမ်းပိုက်ကာ ဟူးဝေဖန်းက နွမ်ဂိုဏ်းကို လက်ဝါးကြီး အုပ်ခဲ့သည်တဲ့လေ။ မူလကိုယ်က တကယ်ကို တုံးအလွန်းတယ်။ ပျော့ညံ့တယ်။ ဒါပေမယ့် သူမရောက်လာခဲ့ပြီပဲ။ သူမက မူလကိုယ်အတွက် ကလဲ့စားချေပေးမှာပါ။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now