Arc 1.5 အန်းရီချန်း

1.7K 219 2
                                    

Unicode

သူမက ကျောင်းဝတ်စုံ ဝတ်ဆင်ထားသည့်အတွက် စကပ်တိုလေးကြောင့် သူမ ခြေထောက်ကို မြင့်မြင့်မြှောက်ဖို့မဖြစ်နိုင်၍ နိမ့်နိမ့်လေးသာ ဖြတ်ကန်လိုက်သည်။

သူမရဲ့ ကန်ချက်ဟာ နိမ့်ပေမယ့် အားပြင်းလွန်းပါတယ်။ သူမရဲ့ ကန်ချက်ကြောင့် ထိုအဝါရောင်အင်္ကျီနှင့် ကျောင်းသားလေး ဒူးထောက်ကျသွားခဲ့တယ်။ ထိုကျောင်းသားလေး အလျင်အမြန်ပြန်ထပြီး သူမကိုရိုက်ရန် လက်မြှောက်လိုက်ချိန်မှာပဲ သူမဟာ ထိုကျောင်းသားရဲ့ နားထင်ကို သူမရဲ့ဘယ်လက် လက်ဖနောင့်နှင့် အားပြင်းပြင်းရိုက်ချလိုက်တယ်။ ထိုအဝါရောင်အင်္ကျီနှင့် ကျောင်းသားလေး ခေါင်းတစ်ခုလုံး ထူပူသွားမည်ဆိုတာ သူမ ကျိန်းသေပြောရဲတယ်။

ပျင်းစရာကောင်းလိုက်တာ~

သူမအဖို့ ဒီကောင်ငယ်လေးတွေက ငယ်ရွှယ်လွန်းပြီး တိုက်ရည်ခိုက်ရည်မရှိသည့်အပြင် သွေးရူးသွေးတန်း နိုင်လွန်းတယ်။ တိုက်ရည်ခိုက်ရည်မရှိတဲ့ကလေးတွေနဲ့ချရတာ ပျင်းစရာကောင်းလိုက်တာ။ ထိုကောင်ငယ်လေးတွေက သူမရဲ့ပြိုင်ဘက်လုံးဝ မဖြစ်နိုင်ပါဘူး။

သိမ်ဖျင်းလွန်းတယ်~
"အကုန်လုံးတတ်လာခဲ့ပါလား"သူမ စိတ်မရှည်သည်ကို ပျင်းတွဲစွာပြောလိုက်ရင်း သူမရဲ့လက်က အပြင်ဘောင်ကို စိန်ပွင့်သေးသေးလေးတွေ ပတ်ပတ်လည် စီခြယ်ထားပြီး လေးဒေါင့်ပုံ ဒိုင်ခွက်အမဲရောင်ထဲမှာ စိန်ပွင့်လေးတွေ ထည့်ထားတဲ့ CHANEL လက်ပတ်နာရီလေးအမဲလေးကို ပျင်းတွဲစွာ
ကြည့်လိုက်ရင်း "အာ..ကျောင်းနောက်ကျပြီ..ဒီကမမကို စိတ်မရှည်အောင် လုပ်နေတာပဲ.."ငြီးတွားလိုက်ရင်း ထိုကျောင်းသာလေးတွေကို လက်ညိုးတစ်ချောင်းနဲ့ အရည်ပျော်ကျမတတ် ပျင်းတွဲစွာ လက်ယက်ခေါ်လိုက်တယ်။

သူမရဲ့ အပြုအမူ အလုံးစုံကြောင့် ကျောင်းသားလေးတွေ တော်တော် ဒေါသထွက်နေပြီ။ အင်္ကျီအဝါနှင့် ကျောင်းသားလေးဆို မျက်နှာကြီးတစ်ခုလုံး ဒေါသကြောင့် နီရဲလို့နေပြီ။ ပထမဆောင့်တွန်းခံရတဲ့ ကျောင်းသားလေးဆို ဒေါသတောင်မထွက်နိုင်ပါဘူး။ လက်ရဲ့နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ဖြူလျော့နေပြီ။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now