Arc 1.13 အန်းရီချန်း

1.6K 192 8
                                    

Unicode

ဒီနေ့ဟာ ကျောင်းပိတ်ရက်ဖြစ်တာကြောင့် သူမဟာ အပြည့်အဝ အိပ်စက်အနားယူလိုက်တယ်။ အန်အန်ရဲ့ အသံဟာ သူမရဲ့ အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေခဲ့တယ်။ သူမရဲ့ မျက်ခုံးတို့ဟာ တွန့်ချိုးသွားပြီး မျက်မှောင်ကြုတ်သွားခဲ့တယ်။

System -:' host မနေ့က မစ်ရှင်အသေးစားတစ်ခုပြီးမြှောက်သွားတဲ့ အတွက် pts 200 ရရှိပါတယ် အထက်က လျော်ကြေးအနေနဲ့ တစ်ခါသုံးနာကျင်မှုပျောက်ဆေး တစ်ခုရရှိပါတယ် Host'
အန်အန်ဟာ သူရဲ့ Hostကို အသံသေးလေးနှင့် တင်ပြလိုက်တယ်။

"တစ်ခါသုံး နာကျင်မှုပျောက်ဆေး??" သူမဟာ သေချာရှင်းလင်းစေရန် အန်အန့်ကို ထပ်မေးလိုက်တယ်။

System -:'အခွင့်အရေးတစ်ခါပဲ ရှိတဲ့ နာကျင်မှုပျောက်ဆေးပါ Host'

"တစ်ခါပဲသုံးခွင့်ရှိတာလား?"

ကပ်စေးနည်း system~

"အန်အန် မစ်ရှင်ပြီးမြှောက်မှု ရာခိုင်နှုန်းဘယ်လောက်ရှိလဲ"

System -:'15%ပါ host'

". . ."
တစ်ရက်လုံး မစ်ရှင် အများကြီးထမ်းဆောင်တာတောင် ၁၅ရာခိုင်နှုန်းပဲလား~

သူမဟာ system လေးဆီမှာ လိုအပ်တဲ့ အချက်အလက်တွေကို တောင်းခံလိုက်ပြီး သူမရဲ့မစ်ရှစ်မြန်မြန်ပြီးမြှောက်ရေး ပလန်ကို သေချာချလိုက်လေတယ်။ မစ်ရှင်မြန်မြန်ပြီးမြှောက်ဖို့ ဒုတိယဇာတ်လိုက်ကို နေရာမှန်မြန်မြန်ရောက်ရှိဖို့လိုသည်။ ဒါ့အပြင် မူလကိုယ်ရဲ့ ဆန္ဒအရ ဇာတ်လိုက်မကို မြန်မြန်ကလဲ့စားချေရမယ်။ ဇာတ်လိုက်တွေရဲ့ အရှိန်အဝါကို လုယူရမယ်။ ပထမဆုံး အနေနှင့် သူမဟာ ဒုတိယဇာတ်လိုက်ကို နေရာမှန်ရောက်ဖို့ အမြန်လုပ်ရမယ်။ ထို့နောက်သူမဟာ ပျင်းရိစွာပင် နူးညံ့အိစက်နေသော အိပ်ယာပေါ်မှာ ထထိုင်လိုက်ပြီးနောက် သူမဟာ အန်းဂိုဏ်းရဲ့ ပိုင်ဆိုင်မှုကြီး တစ်ခုဖြစ်တဲ့ အန်းဟွမ်ကုမ္ပဏီကို သွားဖို့ပြင်လိုက်တယ်။ သူမဟာ ပျင်းရိစွာပင် သူမရဲ့ အဝတ်စားခန်းသို့ သွားလိုက်ပြီး အဖြူရောင်ဂါဝန်လက်ပြတ်လေးကို ရွှေးချယ်လိုက်တယ်။ ပြီးတဲ့နောက် အနီရောင် sling back heelကို သူမရဲ့ နူးညံ့ပြီး ပန်းသွေးရောင် ရဲနေတဲ့ ခြေဖဝါးတွင် ဆင်မြန်းလိုက်တယ်။ သူမဟာ ပါးလွှာတဲ့ မိတ်ကပ်အပြင်အဆင်ကို သူမရဲ့မျက်နှာထက်တွင် နေရာယူထားတယ်။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now