Arc 1.15 အန်းရီချန်း

1.4K 193 0
                                    

Unicode

အပိုင်း(၁၅) : နွမ်ဂိုဏ်းရဲ့ ရည်ရွှယ်ချက်

တစ်စုံတစ်ယောက်ရဲ့ ဂရုစိုက်ခြင်းခံရတာဟာ အန်းရီချန်းအတွက် ပထမဆုံးပါပဲ။ ဒါဟာ သူ့ရဲ့ စိတ်လေးကို နူးညံ့နွေးထွေးစေတယ်။ အထူးသဖြင့် သူမရဲ့ဂရုစိုက်မှုလေးတွေဟာ သူ့အတွက် မနက်ခင်းရဲ့ နွေးထွေးတဲ့နေရောင်ခြည်လေးလိုပဲ။

သူဟာ သူမကို ပွေ့ချီပြီး ကျောင်းဆေးခန်းသို့အပြေးလေးသွားခဲ့တယ်။ ကျောင်းဆေးခန်းရောက်သည်နှင့် သူဟာ ကျောင်းဆေးခန်းရှိ ဒေါက်တာရဲ့ ဒဏ်ရာဆေးထည့်ပုံကို မျက်တောင်တစ်ချက်မခက်ပဲ ကြည့်နေခဲ့တယ်။ သူမရဲ့ဒဏ်ရာဟာလဲ သွေးတိတ်ဖို့ အချိန်တော်အတန်ယူလိုက်ရတယ်။ သွေးအတော်အတန်ဆုံးရှုံးသွားတဲ့အတွက် သူမရဲ့ချယ်ရီသီးရောင်ရဲနေတဲ့ နှုတ်ခမ်းလေးဟာ အနည်းငယ်ဖြူသွားခဲ့တယ်။ ဒါ့အပြင်ဒဏ်ရာကို ဆေးထည့်ခြင်းဟာ အရမ်းကိုစပ်တဲ့အတွက် သူမဟာ အငိုသန်တဲ့ကလေးလေးလိုဖြစ်မနေပေမယ့် နာကျင်မှုကြောင့် မျက်မှောင်ကြုတ်မိသည်။ ဒါဟာ သူ့ရင်ကို နာကျင်စေတယ်။

ဒါကအတော်နာမှာပဲ?

ကျောင်းဆေးခန်းရှိ ဒေါက်တာရဲ့ လုပ်ငန်းတာဝန်ပြီးဆုံးသွားပြီးနောက် ဒေါက်တာဟာ သူမကို ခါးထောက်ကာ မျက်နှာဖြူဖြူလေးပေါ်မှ မျက်မှန်ကို ပင့်တင်လိုက်ကာ စိုက်ကြည့်လိုက်ပြီး "ကျောင်းသူ မင်းစစ်ပြီးပြီလား" သူမဟာ သူမရှေ့က ဖြူရော်နေတဲ့ ကျောင်းသူလေးကို ဆေးစစ်ပြီးပြီလားဟု မေးလိုက်တယ်။ သို့သော် ပွင့်ပွင့်လင်းလင်း မမေးခဲ့ပေ။ တစ်ဖက်တွင်ကျောင်းသားတစ်ယောက်ရှိသည်မို့ နှစ်ဉီးသားနားလည်စေတဲ့ စကားသာပြောလိုက်သည်။ ဒါ့အပြင် အရင်တစ်ခေါက်က ထိုကျောင်းသူလေးဟာ သူမရဲ့ အခြေအနေကို ဖုံးကွယ်ဖို့ အကူအညီတောင်းထားခဲ့တယ်။

ဒေါက်တာရဲ့စကားကြောင့် အန်းရီချန်းရဲ့ ခိုင်ခံ့တဲ့ မျက်ခုံးတွေဟာ တွန့်ချိုးသွားပြီး မျက်ဝန်းတို့ဟာ မဲမှောင်သွားလေတယ်။

ဘာစစ်ပြီးတာလဲ??

"အာ!! ပြီးပြီ" သူမဟာ ဒေါက်တာ့ရဲ့စကားကို နားလည်သည်မို့ ပြန်ဖြေလိုက်တယ်။ သူမသည် ဒီရောဂါအကြောင်းကို လူသိမခံနိုင်ပါ။ ဒုတိယဇာတ်လိုက်ဆိုလျှင်တောင်မှပေါ့။ သူမရဲ့ မစ်ရှင်ထမ်းဆောင်မှုတွေကို သက်ရောက်သွားနိုင်တယ်။

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now