Arc 1.17 အန်းရီချန်း

2.6K 298 32
                                    

Unicode

အပိုင်း(၁၇)-: လွန်ခဲ့တဲ့ ၁၂နှစ်

သူမရဲ့ အမူအရာဟာ ရင့်ကျက်တည်ငြိမ်ပြီး တစ်ဖက်လူကို စိတ်သက်သာရာ ရစေတယ်။ သူမရဲ့ စကားပြောသည့် လေယူလေသိမ်းလေးဟာလဲ နူးညံ့တယ်။

"ဒါဆို ဘာကြောင့်များ သိရက်နဲ့ အန္တာရာယ် ထဲခုန်ဆင်းရတာလဲ'' အဖိုးကြီး အန်းဟာ သူမအား အကြောင်းအရင်းမေးလိုက်တယ်။

ဂိုဏ်းလေးခုက ပြိုင်ဆိုင်နေကြပြီး မတည့်ကြပေ။ သူမကသာ အန်းဂိုဏ်း ဆက်ခံသူတည်ရှိရာ နေရာကို သိရင် သို့မဟုတ် အန်းဂိုဏ်း ဆက်ခံသူဟာ ဘယ်သူမှန်းသိရင် လွန်ခဲ့တဲ့ ၁၂နှစ်က သံသယ ဖြစ်စရာ မတော်တဆမှုရဲ့ တရားခံဟာ သေချာပေါက် နွမ်ဂိုဏ်းဖြစ်သွားနိုင်တယ်။

လွန်ခဲ့တဲ့ ၁၂နှစ်က မတော်တဆမှု

အန်းရီချန်း ၅နှစ်အရွှယ်ပင်။ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးဟာ တစ်နေ့မှာ ခရီးထွက်ခဲ့ကြတယ်။ ဖေဖေရယ် မေမေရယ် သားလေးရယ်။ ဒါကပြီးပြည့်စုံတဲ့ မိသားစုလေးဖြစ်တယ်။

တောင်ပတ်လမ်းဟာ မတ်စောက်တယ်။ ဂရုတစိုက် မောင်းနှင်ခဲ့ကြတယ်။ နှစ်လမ်းသွားဆိုပေမယ့် ကျဉ်းမြောင်းလွန်းတယ်။

"ပါးပါး သားရဲ့ လေယာဉ်ပျံလေး ပျံနေတယ် ကြည့်ကြည့်.."
ချစ်စရာကောင်းပြီး ဖြူဖြူလုံးလုံး ပါးဖောင်းဖောင်းလေးတွေနဲ့ ပေါက်စီလေး ရီချန်းဟာ သူရဲ့ လက်ဖောင်းဖောင်းလေးနဲ့ ကိုင်ဆောင်ထားတဲ့ လေယာဉ်ပျံလေးကို လေထဲမှာ ဝေ့ဝဲနေရင်း ဖေဖေအန်းရဲ့ ရှေ့ကို ပြလိုက်တယ်။

"ရှောင်ချန်း ဖေဖေ ကားမောင်းနေတယ် မနှောင့်ယှက်ရဘူး.." မေမေအန်းဟာ ပေါက်စီလေးချန်းကို အကျိုးအကြောင်းပြောပြခဲ့တယ်။ ပေါက်စီလေးရှောင်ချန်းဟာ နာခံစွာပင် လက်ကိုရုတ်လိုက်ပြီး သူ့ရဲ့လေယာဉ်ပျံလေးကို ရတနာလေးသဖွယ် ဆုပ်ကိုင်ထားလိုက်တယ်။

"မေမေ့ ရှောင်ချန်းလေးက လိမ္မာလိုက်တာ.." မေမေအန်းဟာ သူမရဲ့ ပေါက်စီလေးချန်းကို ပါးလေးတွေ ဆွဲညှစ်လိုက်တယ်။

မေမေအန်းရဲ့ ပေါင်ပေါ်မှ ထိုင်နေတဲ့ ပေါက်စီလေးဟာ မျက်ဝန်းတို့ကို လခြမ်းကွေးသဏ္ဌန်လေးပေါ်အောင် ပြုံးလိုက်တယ်။

You've reached the end of published parts.

⏰ Last updated: Sep 22, 2021 ⏰

Add this story to your Library to get notified about new parts!

ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင်လုံးကြီးဖြစ်ပေးမယ်-(arc1) The Resurrection MissionWhere stories live. Discover now