3

408 110 2
                                    

ZAW

ဘတ်ဟျွန်းက ပျင်းတိပျင်းရွဲ့ပဲ လုဟန်ခေါ်တဲ့နောက်ကို လေးလေးပင်ပင်နဲ့ အတောင်ပံလေးကိုခက်လို့ ပျံသန်းရင်း လိုက်လာတယ်။အကောင်သေးသေးလေးနှစ်ကောင်ဖြစ်တဲ့ ဘတ်ဟျွန်းနဲ့ လုဟန်က လေနတ်ဘုရား ဆယ်ဟွန်းရဲ့ ဥယျာဉ်ထဲမှာ ကုတ်ချောင်းကုတ်ချောင်းနဲ့ကြည့်နေတယ်။

လုဟန်က အရှေ့တည့်တည့်က အပင်မှာသီးနေတဲ့ ကြီးမားတဲ့ မက်မွန်သီးကြီးတွေကြောင့် တံတွေးမြိုချလိုက်တယ်။
လေနတ်ဘုရားရဲ့ မက်မွန်သီးတွေက သူခိုးစားသမျှ ဖူးထဲမှာ အချိုမြိန်ဆုံးပဲ။

လုဟန်က ဘတ်ဟျွန်းလက်ကို ဆွဲလို့ အရွက်စိမ်းတွေပြည့်နေတဲ့ သစ်ပင်ထဲကို ခေါ်သွားတယ်။လေနတ်ဘုရားမမြင်အောင် လုဟန်က မက်မွန်သီးကြီးတစ်လုံးကို မနိုင်မနင်းသယ်လို့ ဘေးနားက ပျင်းတိပျင်းရွဲ့ထိုင်နေတဲ့ ဘတ်ဟျွန်းကို

"ပုစိ ငါ့ကို ကူပါအုန်း"

နှစ်ယောက်လုံးကအရွယ်အစားတူတူပဲကို သူ့ကိုပုစိဟုခေါ်လာတဲ့ လုဟန်ကြောင့် ဘတ်ဟျွန်းက နှုတ်ခမ်းလေးစူနေမယ့်အစား လက်နဲ့ ခေါင်းကိုပိတ်ရိုက်လိုက်တယ်။

"မင်းကမှ ငါ့ထက် သေးသေးတယ် "

"ကဲပါ ကြီးစိရာ ပြောမနေနဲ့ အား ဒီမှာငါပိတော့မယ် အားး"

သူ့ထက် ဆယ်ဆလောက်ကြီးတဲ့ မက်မွန်သီးကြီးကို သယ်ကာ လုဟန်က ရှုံ့မဲ့နေတဲ့ မျက်နှာထားနဲ့ ပြောလာတော့ ဘတ်ဟျွန်းက သက်ပြင်းကိုသေးသေးလေးချပြီး လက်နှစ်ဖက်နဲ့ကူသယ်ပေးလိုက်တယ်။

လေနတ်ဘုရားရှိမရှိကို လုဟန်က မျက်လုံးလေးတွေနဲ့ ဘယ်ပြန်ညာပြန်ချောင်းကြည့်ကာ မနိုင်မနင်းအလုံးကြီးကို နှစ်ယောက်သမားကိုင်လို့ သစ်ပင်ထဲက ထွက်လာတယ်။

လုဟန်က ပျံသန်းနေရင်း တုံ့ကနဲ ဖြင့်သွားတော့ သူတို့ရှေ့မှာရပ်နေတဲ့ မျက်မှောင်ကုတ်ကာ ကြည့်နေတဲ့ လေနတ်ဘုရား ဆယ်ဟွန်းကိုတွေ့လိုက်ရတယ်။

"ငါ့အသီးတွေ လာခိုးပြန်ပြီလား ရှောင်လုဟန်"

ဘတ်ဟျွန်းက ဆယ်ဟွန်းရဲ့ အကြည့်တွေက ခန္ဓာကိုယ်လေးတုန်တက်သွားပြီး မက်မွန်သီး ကိုဖက်ထားတဲ့လုဟန်ကတော့ မျက်လုံးကိုဇွတ်အတင်းမှိတ်ထားတယ်။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now