10

325 89 5
                                    

ZAW

ဘတ်ဟျွန်း သစ်ကြားသီးနှစ်လုံးကို ကြိုးနဲ့ ဆွဲထားပြီး မနိုင်မနင်းသယ်လာတယ်။သစ်ကြားသီးနှစ်လုံးကြားက သူကပိပြားလို့။သူလိုအရွယ်အစားသေးသေးလေးနဲ့ပဲ သစ်ကြားသီးနှစ်လုံးလုံးသယ်နိုင်တာကို ချီးကျူးရမယ်။

ဟောဟဲဟောဟဲနဲ့ ဘတ်ဟျွန်းလေးက မောဟိုက်စွာ ချန်းယောလ်အိမ်ထဲ ပြန်ရောက်လာတယ်။အထဲက စားပွဲပေါ်ကို အသီးသွားထားဖို့တောင် သူခြေလှမ်းအတော်လှမ်းနေရတယ်။
ထိုင်ခုံမှာထိုင်နေတဲ့ ချန်းယောလ်က သူ့ကိုတွေ့တော့ လက်တစ်ဖက်နဲ့ သူ့ခန္တာကိုယ်ကို ဆွဲယူပစ်တယ်။

ဖြေးဖြေးလုပ်ပါဟ!

ဘတ်ဟျွန်းလေးရင်တုန်သွားတယ်။!

"ပြန်လာပြီလား ဘတ်ခွန်းနီ"

ဘတ်ဟျွန်း မသက်သာစွာ ခေါင်းညိတ်ပြပြီး လည်ပင်းကဆွဲထားတဲ့ သစ်ကြားသီးကြီးနှစ်လုံးကို ပေးလိုက်တယ်။

"ကျေးဇူးပဲ"

ချန်းယောလ်က ကျေးဇူးတင်စကားပြောပြီး ခပ်လှမ်းလှမ်းက သူ့မောင်တွေနဲဆော့နေတဲ့ ၀င်ဒီဆီ အပြေးသွားတယ်။

"၀င်ဒီ မင်းအတွက်"

"ကျေးဇူးပါ ပီတာ"

အော သွားယူရတာ ငါပါဟ!

ဘတ်ဟျွန်းစိတ်ထဲ ခပ်ဆတ်ဆတ်တွေးပြီး နှာမှုတ်ထုတ်လိုက်တယ်။ဝင်ဒီအတွက် ချန်းယောလ်က သစ်ကြားသီးကိုယ်တိုင်ထုပေးနေပြီး ၀င်ဒီကတော့ မစားရတဲ့ အငတ်လို သစ်ကြားသီးကို မျက်လုံးပြူးကြီးတွေနဲ့ ပြူးကြည့်နေတယ်။

"ဘတ်ခွန်းနီ သွားလို့ရပြီ"

"ဟမ်.."

"ကျေးဇူးပဲ "

ချန်းယောလ်စကားကြောင့် နားမလည်နိုင်စွာ ပြန်ကြည့်တယ်။တ၀်ခါမှမနှင်ဘူးတဲ့သူကလေ...။ချန်းယောလ်ကမျက်ရိပ်ပြပြီး သူ့ကိုထွက်သွားဖို့ပြောတယ်။အငမ်းမရ စားနေတဲ့ ၀င်ဒီဘက်ကိုလည်းမျက်စပြစ်ပြတယ်။ဘတ်ဟျွန်းစူးကနဲ အောင့်သွားတဲ့ ၀ဲဘက်ရင်အုံကို ခပ်ဖွဖွလေးထိပြီး ပြန်လာခဲ့တယ်။

မျက်ဝန်းအိမ်က မျက်ရည်စသေးသေးလေးတွေကလည်း အဆက်မပြတ် စီးကျလာတယ်။ဘတ်ဟျွန်းချန်းယောလ်ရဲ့ အိမ်ရှိရာ ဝေးရာဆီကို ခပ်မြန်မြန်ပျံသန်းသွားတယ်။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now