FINAL

841 106 6
                                    

ZAW

သမီးရည်းစားဆက်ဆံရေးကိုရောက်သွားပြီလား။
အနမ်းလေးတစ်ခုနောက် သူတို့၂ယောက်အခြေအနေက ဘယ်လိုမျိုးဖြစ်သွားလဲ။
မချစ်ပါနဲ့ သဘောမကျပါနဲ့ဆိုတဲ့စကားလေးဟာလည်း အရာမ၀င်တော့။သူကိုယ်တိုင်လည်း မက်မက်မောမောနမ်းရှိုက်မိခဲ့တာမို့...။

မေ့မရတဲ့ အခိုက်အတန့်တွေ။အိပ်မပျော်နိုင်ခဲ့တဲ့ ညတွေ။
ဘယ်လောက်များနေပြီလဲ။အနမ်းလေးတစ်ခုဇာတ်သိမ်းမှာ သူတို့၂ယောက်လုံး မတွေ့ဖြစ်ခဲ့တာက ၁ပတ်လောက်ရှိပြီ။

မင်းပုံတူပန်းချီတွေအပြည့်ဖြစ်နေတဲ့ ကိုယ့်အိမ်နံရံတွေ..။
မင်းကိုနမ်းရှိုက်ခဲ့ဖူးတဲ့ နှုတ်ခမ်းလေးကိုလည်း လက်ကလေးနဲ့အသာတို့ထိကြည့်မိလိုက်တယ်။
ရင်ခုန်စရာအခိုက်အတန့်တွေကို ပြန်ခံစားမိတယ်။

ကိုယ့်လက်ဖ၀ါးတွေကြားမြုတ်သွားတဲ့ ခါးသိမ်သိမ်လေးကိုလည်း မေ့မရခဲ့ဘူး။မင်းက မှော်ဆရာလေးများလား ဘတ်ဟျွန်းနီ။ကိုယ့်ကိုဘာတွေနဲ့ပြုစားထားသလဲ။

သွားဖြူဖြူလေးတွေစီတန်းကာပြုံးနေတဲ့ ကောင်လေးကို တွေးမိတော့ အပြုံးတွေက ဖြစ်တည်လာပြန်တယ်။နံရံက ပုံတူပန်းချီထဲက ကောင်ငယ်လေးကို သဘောတကျလှမ်းကြည့်မိတယ်။အိမ်နီးချင်းလေးကိုလည်း ပြတင်းပေါက်ကနေ ခိုးခိုးကြည့်ခဲ့ဖူးပါရဲ့...။

ဒီလူကမင်းနဲ့မှရူးပြီ...။
ခပ်ထွေထွေစိတ်ကူးလေးကို စဉ်းစားမိရင်း။ပြတင်းပေါက်လေးကိုဖွင့်လိုက်တယ်။အိမ်နီးချင်းလေးကို ချောင်းပြီးငေးမောကြည့်ရတာလည်း သူ့ရဲ့အလုပ်ချင်ဆုံးအလုပ်ပဲ။

"ချန်းယောလ်လီ?"

သူပြတင်းပေါက်ဖွင့်တာနဲ့တိုက်ဆိုက်လာတော့ လူကရှက်သွားရပြန်တယ်။ဘေးချင်းကပ်နေတဲ့ကိုယ်စီ အိမ်ကကောင်လေးတွေက တစ်ယောက်ကိုတစ်ယောက်ခိုးကြည့်ဖို့ ကြိုးစားရင်း လူမိသွားတော့ အလွဲတွေဖြစ်ကုန်ကြတယ်။

"ဘတ်ဟျွန်းနီ အဟမ်း"

ချောင်းတစ်ချက်ဟန့်ပြီး အခြေအနေပြန်ထိန်းတယ်။လွန်ခဲ့တဲ့ ၁ပတ်က အနမ်းတွေက နှုတ်ခမ်းမှာစွဲကျန်နေခဲ့တုန်းပဲ။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now