18

406 85 1
                                    

ZAW

ဘတ်ဟျွန်း မနက်နိုးလာတော့ ညကအိပ်ရေးပျက်ထားတာကြောင့် ခေါင်းကကိုက်နေတယ်။အတွေးနယ်ချဲ့ပြီး စဉ်းစားခန်းဖွင့်တော်မူလိုက်တဲ့ ကျေးဇူးနဲ့ မျက်ကွင်းတွေက ညိုလို့။
ပန်ဒါနဲ့တောင် သူခပ်ဆင်ဆင်တူသွားသလားပဲ။

ဒီနေ့လည်း ရေရေရာရာမရှိတဲ့ ခြေဦးတည့်ရာလျှောက်လည်အုန်းမယ်။အညိုရောင်ဆံသားတွေကို လက်နဲ့ဖွကာကစားရင်း အရှေ့တည့်တည့်ဆီက ကြည်လင်နေတဲ့ မှန်ကိုကြည့်တယ်။

သူကတော့ မှန်ကြည့်ရတာကြိုက်တယ်။မှန်မှာပေါ်နေတဲ့ သူ့ရုပ်လုံးလေးကို ကြည့်နေရတာကို ကြိုက်တယ်။

မြှောက်ကြွတဲ့ ခြေလှမ်းတွေက ဘာအတွက်လဲ။
သူရဲ့ ခြေလှမ်းတို့ရပ်တန့်လိုက်ရာ အကြောင်းပြချက်က အရှေ့တည့်တည့်ဆီက လူကြောင့်ပဲ။

မပြောင်းလဲတဲ့ ထိုလူက သူ့ကိုကြိုဆိုနေတယ်။
ဘတ်ဟျွန်းတစ်ချက်ကြည့်ပြီး မမြင်ဟန်ဆောင်လိုက်တယ်။
ဒါပေမယ့်လည်း ထိုလူက သူ့နောက်ကိုလိုက်ရုံသာ မကတော့ဘဲ ဘေးချင်းကပ်ရပ်လျှောက်ရင်း လိုက်လာတယ်။

"အိပ်ရေးပျက်ထားလို့လား ဘတ်ဟျွန်းနီ"

ဘတ်ဟျွန်းကမဖြေ။
အေးမလိုလိုနဲ့ ဂျစ်ကန်ကန်ဘတ်ဟျွန်းလေးက ပြောစကားနားမထောင်ပါ။အညိုရောင်သန်းနေတဲ့ မျက်ကွင်းလေးတွေနဲ့ ဘတ်ဟျွန်းက လှည့်ကြည့်လာခြင်းလည်းမရှိခဲ့ပါ။

"ဘတ်ဟျွန်းနီ~ တောင်းပန်ပါတယ်"

ဘတ်ဟျွန်းရဲ့ ခြေလှမ်းတွေက တုံ့ကနဲဖြစ်သွားတယ်။ဒီတစ်ခါမှတော့ ဘတ်ဟျွန်းက အကြည့်တင်မက ခန္ဓာကိုယ်ပါ လှည့်လာတယ်

"ဘာအတွက်လဲ ကျွန်တော့်ကို လိုက်နှောက်ယှက်နေတဲ့အတွက်လား"

"ဟင့်အင်း အရာရာအတွက်"

ဘတ်ဟျွန်းမျက်နှာက မသိနားမလည်ခြင်းတွေနဲ့ ရှုပ်ထွေးသွားတယ်။ချန်းယောလ်ပြောတဲ့ 'အရာရာအတွက် 'ဆိုတဲ့စကားက သူ့ကိုစဉ်းစားရစေတယ်။

"ခင်များကျွန်တော်နဲ့ သိလို့လား"

ချန်းယောလ်က ဖွဖွလေးပြုံးတယ်။long coat အညိုကြီးနဲ့ ပါးချိုင့်ပေါ်အောင်ပြုံးနေတဲ့လူကြီးကို လန်ဒန်လမ်းမထက်မှ ရိုးရှင်းစွာ တွေ့ရလိမ့်မယ်။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now