9

346 101 6
                                    

Zaw

James Matthew Barris ဖန်တီးတဲ့ Peter Pan
ဇာတ်လမ်းမှာ သိုဝှက်ထားခဲ့တဲ့ အကြောင်းအရာတစ်ခုရှိတယ်။Peter Panရဲ့စိတ်နေသဘောထားမှာ ဦးတည်ပြသခဲ့တာက Peter Panရဲ့ Wendyအပေါ်ကို ချစ်ရက်နဲ့လက်လွှတ်ပေးခဲ့ပြီး တစ်ဖက်မှာလည်း သူဆုံးဖြတ်ခဲ့တာက သူဘယ်တော့မှ အသက်မကြီးချင်တဲ့အပြင် Neverland ကိုလည်း စွန့်မခွာနိုင်လို့။တစ်ကယ်တမ်း ဒါကိုပဲ ပြသခဲ့တယ်ဆိုပေမယ့် Peter Panရဲ့ ရူးကြောင်ကြောင်နိုင်တဲ့အတွေးကို လူတွေရှာမတွေ့ခဲ့ဘူး။Peter Panသည်သာ Wendyကိုတစ်ကယ်ချင်ခဲ့ရင် ဘယ်တော့မှအသက်မကြီးချင်ဘူးဆိုတဲ့စကားဟာ အရာမ၀င်ဘူး။သူတစ်ကယ်ချစ်တဲ့သူအတွက် Wendyနဲ့အတူ လိုက်သွားလိမ့်မယ်။Wendyကရော Peter Panကိုတစ်ကယ်ချစ်ခဲ့လား?
နောက်ဆက်တွဲပါလာခဲ့တဲ့ Wendyရဲ့ခင်ပွန်းနဲ့ ကလေးကရော?တစ်ကယ်တမ်း Peter Panနဲ့ Wendyက ခဏတာစိတ်ကစားခဲ့ရုံသာ ဖြစ်ခဲ့တယ်။အဓိက ဖော်မပြခဲ့တဲ့ အချက်ကတော့ Tinkerbellရဲ့ တစ်ဖက်သက် ကြီးမားတဲ့အချစ်တွေ။မနာလိုတယ်လို့ သုံးနှုန်းထားတယ်။တစ်ကယ်တမ်း မြက်ခဲ့ရတာက Tinkerbellရဲ့ သူချစ်ရတဲ့ သူမပိုင်ဆိုင်ခဲ့ရတဲ့လူအပေါ် သ၀န်တိုခဲ့ရုံလေးတင်။
အမြဲတမ်း ကောင်းကောင်းဆိုးဆိုး အတူရှိနေပေးခဲ့တဲ့ Tinkerbellကိုရော PeterPan က မချစ်ခဲ့ဖူးဘူးလား။
Tinkerbellနဲ့အတူသာမရှိနေစေချင်ရင် Peter Panက သူချစ်လှပါပြီရဲ့ဆိုတဲ့ Wendyနောက်ကိုလိုက်သွားလိုက်သွားလိမ့်မယ်။

ဇာတ်လမ်းထဲမှာ Peter Pan က Tinkerbellကို ချစ်ခဲ့လားမချစ်ခဲ့ဘူးလားဆိုတာတော့ ကာရံကံရှင် Peter Panသာသိလိမ့်မယ်။

~~~~~~~~~

ဘတ်ဟျွန်းက ချန်းယောလ်ရဲ့အကြောင်းတွေအများကြီးသိတယ်။ချန်းယောလ်က ပန်းသီးတွေစားရတာကြိုက်တယ်။စွန့်စွန့်စားစားလုပ်ရတာတွေကြိုက်တယ်။ကောင်းကင်ပေါ်မှာ ပျံသန်းရတာကြိုက်တယ်။ကပ္ပတိန်ဟော့ခ်နဲ့ လက်ရေယှဉ်တိုက်ခိုက်ရတာလည်း သိပ်ကြိုက်တာ။

အင်း ပြီးတော့ ချန်းယောလာက ၀င်ဒီဆိုတဲ့ မိန်းကလေးကို သဘောကျတယ်လေ။ပြီးတော့ ပြီးတော့လည်း ဘတ်ဟျွန်းဆိုတဲ့ သူ့ကိုနာကျင်အောင်လုပ်ရတာကြိုက်တယ်။

ဘတ်ဟျွန်းက တိုက်ခတ်လာတဲ့ လေအေးအေးလေးကိုရှုစားရင်း ခပ်ဖွဖွလေး ပြုံးတယ်။ချန်းယောလ်ရယ် သူရယ် ၀င်ဒီရယ်။သူတို့၃ယောက် အနောက်ဘက်တောင်တန်းဆီကိုလာခဲ့တယ်။ဒါပေမယ့် နောက်တော့ အပိုလူဖြစ်နေခဲ့တာက သူဆိုတဲ့ဘတ်ဟျွန်းပဲ။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now