6

361 98 17
                                    

ZAW

ဘတ်ဟျွန်းကိုမနေ့က ချန်းယောလ်က အလိုလိုက် အကြိုက်ဆောင်ပေးခဲ့တော့ ဒီနေ့က ၀င်ဒီကို Neverlandကို အလည်ပတ်လိုက်ပို့မည်ဖြစ်တယ်။ဘတ်ဟျွန်းက ငြိမ်ကုတ်ကုတ်လေး ချန်းယောလ်ကိုမော့ကြည့်နေတယ်။

ဘတ်ဟျွန်းက နာကျင်နေရတာ မကြိုက်ပေမယ့် ချန်းယောလ်နဲ့ဝင်ဒီအတူတူသွားဖို့ စိတ်မချတာကြောင့် သူကနာကျင်ခံပြီးတော့ ချန်းယောလ်နောက်လိုက်လာခဲ့တယ်။ဝင်ဒီဆိုတဲ့ မိန်းကလေးကိုသူမနာလိုတယ်။ဘတ်ဟျွန်းက မျက်ဝန်းထဲကနေစီးကျလုဆဲဆဲ မျက်ရည်စအချို့ကို တိတ်တိတ်လေးခိုးသုတ်လိုက်တယ်။

ပျော်နေကြပြန်ပြီ။အနာပေးလိုက် ဆေးပေးလိုက်နဲ့ ချန်းယောလ်ကသိပ်ဆိုးပါတယ်။ဘတ်ဟျွန်းက ချန်းယောလ်ဆီက အာရုံစိုင်မှုလိုချင်ရင် သူက နာမှဖြစ်မှာပေါ့။အဲ့တော့ ကောင်းကောင်းကြီး ဆက်ပြီးနာကျင်လိုက်အုန်းမယ်။

တိမ်တိုက်တွေကြား တစ်ယောက်ထဲ ပြေးလွှားကစားနေလိုက်တယ်။သူနဲ့မသက်ဆိုင်သလို သီးသန့်ဖြစ်တည်နေတဲ့ လူနှစ်ယောက်ကတော့ စင်တီမီတာအနည်းငယ်ဝေးတဲ့ အခြားတစ်ဖက်မှာ။သူကတော့ ငေးကြည့်ရင်းနဲ့ပဲ နာကျင်နေရတယ်။

ရုတ်တရပ် ချန်းယောလ်ရဲ့အသံကိုသူကြားလိုက်တယ်။

"ဘတ်ခွန်းနီ သတိထား!"

ချန်းယောလ်ရဲ့ စိုးရိမ်တကြီးစကားနောက်မှာ သူ့ဘက်ဆီကို တည့်တည့်လာနေတဲ့ အမြှောက်ဗုံးတစ်လုံးကို သူတွေ့လိုက်တယ်။လေလိုအသွင်နဲ့ သူအမြန်ပဲ ရှောင်တိမ်းလိုက်တယ်။

သီသီလေးလွဲသွားလို့ သူသက်ပြင်းဖွဖွချလိုက်တယ်။ဝင်ဒီကတော့ ကြောက်လွန်းလို့ ချန်းယောလ်ရင်ခွင်ထဲ ၀င်မတတ်ဖြစ်နေပြီ။

ဘတ်ဟျွန်း မျင်မှောင်ကျုံ့လိုက်ပြီး အနီးနားကို ပျံသန်းသွားလိုက်တယ်။ချန်းယောလ်က ဘတ်ဟျွန်းကိုမြင်မြင်ချင်းပဲ အော်ပြောလိုက်တယ်။

"ဘတ်ခွန်းနီ ၀င်ဒီကို ကလေးတွေဆီခေါ်သွား ကိုယ်ပြီးရင်လိုက်ခဲ့မယ်"

ချန်းယောလ်က အောက်ဖက်ကို အနိမ့်ဆင်းကာ မြင်နေရတဲ့ ကပ္ပတိန်ဟော့လှေဆီကိုသွားတယ်။ဘတ်ဟျွန်းက အောက် သဘောင်္ပေါ်ကလူတွေကို မျက်မှောင်ကျုတ်ကြည့်ပြီးရှေ့ကကြောက်လန့်နေဆဲ ဖြစ်တဲ့ ၀င်ဒီကိုကြည့်လိုက်တယ်။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now