15

464 104 16
                                    

ZAW

တစ်ကယ်ပဲ တစ်ကယ်ပဲ ဘာတွေဖြစ်သွားခဲ့တာလဲ။
သူ့ရှေ့မှာရှိနေတဲ့ သူက ဘတ်ဟျွန်းမှဘတ်ဟျွန်း အစစ်ပဲ
ဒါပေမယ့်...။တစ်ခုခုကလွဲနေတယ်။

"ကိစ္စမရှိတော့ရင် ခွင့်ပြုပါအုန်း Mr"

လေသံကအစတစ်ထပ်တည်းတူညီနေတယ်။ဒါပေမယ့်
သူအမြဲကြားနေရတဲ့ အသံစာစာစူအောင့်အောင့်လေးနဲ့မတူပဲ
လေသံအေးအေးနဲ့ ပြောလာသည်က သူ့ကိုခေါင်းပိုရှုပ်စေတယ်။

သူ့ရှေ့က ဘတ်ဟျွန်းလို့မမည်တဲ့ ဘတ်ဟျွန်းက ထွက်သွားပြီဖြစ်ပေမယ့် သူကတော့ ဒီနေရာကြီးမှာ ငူငူကြီးငိုင်ပြီး ကျန်ခဲ့တုန်း။

ဒီလူက ဘတ်ဟျွန်းနဲ့တူတယ်ဆိုပေမယ့် ဘတ်ဟျွန်းမဖြစ်နိုင်ဘူးထင်တယ်။သူ့သူငယ်ချင်းက နတ်သူငယ်လေးဖြစ်ပြီး အမြဲတမ်းစွာတတ်တဲ့ သူတစ်ယောက်။ထိုလူကတော့ လူတစ်ယောက်။ဒါပေမယ့် အားလုံးကသွားတူနေတယ်။

ကြည့်လာတဲ့ မျက်ဝန်းတွေရော ရုပ်ရည်ကပါ ထပ်ချက်မလွဲနိုင်အောင်။နာမည်တူမရှား လူတူမရှားရှိသေးပေမယ့် သူကျတော့...။

အာကွာ...။

ချန်းယောလ် အဖြေမှန်ကိုသိရဖို့ Neverland ကို အမြန်ပြန်ဖို့ လုပ်တယ်။လျင်မြန်တဲ့အရှိန်က ၀င်ဒီကိုသွားကယ်ဖို့လုပ်တုန်းက သွားနေတဲ့ နှုန်းထက်ကို မြန်နေတယ်။

သူ့ရဲ့အိမ်မျက်စောင်းထိုးက ဘတ်ဟျွန်းရဲ့ သစ်ခေါင်းပေါက်အိမ်လေးရှေ့သွားပြီး အော်ခေါ်လိုက်တယ်။

"ဘတ်ခွန်းနီ! ဘတ်ခွန်းနီ!"

တိတ်ဆိတ်ငြိမ်သက်နေတဲ့ အိမ်လေးဆီက ပြန်ဖြေသံ တစ်စွန်းတစ်ဆမှ မကြားရချေ။

"သေအောင်အော်ခေါ်မနေနဲ့"

ခဏအကြာမှာ အသံကကျယ်လောင်စွာ ထွက်ပေါ်လာတယ်။အသံအားကလည်း အရမ်းကျယ်လွန်းတယ်။
ဘတ်ဟျွန်းအသံလို စူးအောင်နေတဲ့ အသံမျိုးဖြစ်ပေမယ့် အသံပိုင်ရှင်က သူမျှော်မှန်းထားသူ မဟုတ်ဘူး။

ဘတ်ဟျွန်းလို အရွယ်အစားလေးနဲ့ လိမ္မော်ရောင် ဆံပင်အပါအ၀င် ခါးထောက်ပြီး သူ့ကိုအကြည့်စူးစူးတွေနဲ့စိုက်ကြည့်နေတဲ့ လုဟန်ဆိုတဲ့ ဘတ်ဟျွန်းရဲ့သူငယ်ချင်းကိုပဲ တွေ့တယ်။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now