8

349 104 13
                                    

ZAW

ဘတ်ဟျွန်းက သူ့ရဲ့သူငယ်ချင်း
ပန်းနတ်သမီးဆီအပူကပ်ပြီး
ဆံပင်ပန်းရောင်လေးရလာတယ်။

သူအရောင်ထည့်တုန်းက
ရောင်စုံသက်တန့်လေးလုပ်ပေမယ့်
သူငယ်ချင်းမက ဘာတွေလုပ်ပေး
လိုက်မှန်းမသိပါဘူး။
ပန်းရောင်ပဲဖြစ်သွားတယ်။

သူမကျေမချမ်းနဲ့ သူငယ်ချင်းဖြစ်သူကို
ရန်ထောင်ခဲ့တယ်။သူက အရောင်စုံလေး
ရချင်တာပါဆို...။

သူပွစိပွစိနဲ့ ပြန်လာခဲ့တယ်။
သူစိတ်တိုလွန်းလို့ ဂွင်းလုံးလေးတောင် မယူခဲ့ရဘူး။
အခုတော့ သူက စတော်ဘယ်ရီလုံးကြီးဖြစ်သွားပြီ။

သူစိတ်တိုလွန်းလို့
ဘယ်မှမသွားတော့ဘူး။ခေါင်းက ပန်းရောင်ကြီး မလိုချင်ဘူး။
ပန်းရောင်မိန်းမဆန်တယ်။
သူလမ်းလျှောက်ရမှာလည်း ညောင်းတယ်။

သူရဲ့ စိတ်တွေကို မြေကြီးတွေပေါ် ရောချလိုက်တယ်။
တုတ်ကြီးကိုကိုင်ပြီး မြေကြီးကို အားရပါးရ ဆွနေတယ်။

"ဗြောင်ဘတ်ဟျွန်း မင်းမေလင် မြေကြီးမဟုတ်ဘူး"

ဒေါသကြီးတဲ့ အကြီးအကဲဂယောင်ဆူးက
လက်ပါမြန်တယ်။ခေါင်းကိုဒေါက်ကနဲပဲ။
ဘတ်ဟျွန်းက ဘုတယ်တော့မယ့် ခေါင်းကိုကိုင်ဖိလိုက်တယ်။အခုမှ အကြီးအကဲက သူ့ခေါင်းက အရောင်ကြီးကို
မြင်သွားပုံရတယ်။

"မင်းခေါင်းက ဘာကိစ္စအရောင်ပြောင်းသွားတာလဲ"

"အရောင်ထည့်လိုက်တာ"

ဆူပုတ်ပုတ်နဲ့ ဘတ်ဟျွန်းက နှုတ်ခမ်းကြီး
ဂယောင်ဆူးကို သွားထိုးမတတ်ပင် ဆူနေတယ်။

"ရုပ်ဆိုးတာ"

ဆံပင်မရှိတဲ့ အကြီးအကဲကရော ဘယ်လောက်
လှလို့လဲ။သူအပြင်မှ ထုတ်ပြောရင် ထပ်ထုခံရလိမ့်မယ်။
မကျေနပ်တာတွေ မြိုသိပ်လိုက်တယ်။
အကြီးအကဲက ပြောချင်ရာပြောပြီး ထထွက်သွားပြီ။

သူပျင်းပျင်းနဲ့ပဲ ဆက်ထိုင်နေတယ်။
အရမ်းပျင်းဖို့ကောင်းတာပဲ။အလုပ်ကိုယ်စီ
လုပ်ကိုင်နေကြတဲ့ နတ်သူငယ်တွေကို
လိုက်ကြည့်ပြီး သူဘာလုပ်ရမလဲ စဉ်းစားနေတယ်။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now