13

407 92 16
                                    

ZAW

ဘတ်ဟျွန်းရဲ့ အစီအစဉ်တွေက သူကြိုမှန်းထားတဲ့အတိုင်းဖြစ်လာမယ်ထင်တယ်။ဟော့ကိုတော့သူမယုံပေမယ့် ၀င်ဒီကိုတော့ ဖယ်ထုတ်ချင်တယ်။သူ့လုပ်ရပ်ကမှားနေတယ်ဆိုရင်တောင် ချန်းယောလ်ကိုချစ်မိလို့ မိုက်မိုက်မဲမဲ ထပ်ကာ လုပ်မိမယ့် အမှားမျိုးပဲ။

ချန်းယောလ်က သူကြိုမှန်းထားတဲ့ အတိုင်း မြောက်ဘက်ပိုင်းကို သွားဖို့ ပြင်ဆင်နေတယ်။ဘတ်ဟျွန်းက ထုတ်ပိုးနေတဲ့ ချန်းယောလ်ဘေးမှာငြိမ်ငြိမ်လေးထိုင်နေပြီး ၀င်ဒီကို တစ်ချက်မျက်လုံးလေးလှန်ကြည့်တယ်။

"ဘတ်ခွန်းနီ"

"ဟင် ဟင်"

အတွေးလွန်နေတဲ့ ဘတ်ဟျွန်းက ချန်းယောလ်ခေါ်သံကြောင့် အတွေးထဲကနေ ရုန်းထွက်လာလိုက်တယ်။

"ငါဝင်ဒီကိုမင်းဆီအပ်ထားခဲ့မယ်နော် ငါသူ့ကိုစိတ်မချဘူး"

ချန်းယောလ်ကပြောရင်း ၀င်ဒီဘက်ကို မျက်လုံးတို့က ပို့ဆောင်ထားတယ်။ဝင်ဒီကလည်း ရှက်ပြုံးလေးနဲ့ ခေါင်းငုံ့ကာပြုံးနေတယ်။သူုမြင်နေရတဲ့ အခြေအနေတွေက...။
မဟုတ် ။သူထင်ထားသလို မယုတ်ဘူးမလား။

"အင်း မင်းထင်နေသလိုပဲ"

သူ့စိတ်ကူးထဲက အမေးတွေက အပြင်မျက်နှာအမူအရာမှာ သွားပေါ်နေတယ်ထင်တယ်။ချန်းယောလ်က ဖြေလာတယ်။
အင်း အဲ့မှာပဲ သူ့ရဲ့စိတ်တွေက လုံးလုံးလဲပြိုကြသွားတယ်။
တစ်ချက် စူးအောင်သွားတဲ့ ခံစားချက်က ဘယ်ဆီကလဲ လိုက် မမေးမိတော့။

"ငါ သွားတော့မယ် ဘတ်ခွန်းနီ"

သူဟာ ချန်းယောလ်နဲ့ဝင်ဒီရဲ့အခြေအနေကြောင့် အရင်တုန်းကလို သူ့ကိုအလိုမလိုက်တဲ့ ချန်းယောလ်ကို ဆူငေါက်ပြီး အပြစ်မတင်တော့။
ပြောလာတဲ့ ချန်းယောလ်စကားကိုတောင် သူခေါင်းညိတ်ပြမိသွားလားတောင် မသိတော့ဘူး။

သူအပြင်ကမ္ဘာကိုထွက်လာတဲ့ အခါ ချန်းယောလ်ကမျက်စိရှေ့မှာ မရှိတော့ဘူး။ဝင်ဒီကလည်း ဘယ်ရောက်သွားမှန်းမသိ။

သူချန်းယောလ်ရဲ့အိမ်ထဲကနေထွက်လာတယ်။သူ့အတွက် လွတ်လွတ်လပ်လပ်ငိုလို့ရမယ့်နေရာကိုရှာတယ်။
သူအရမ်းငိုချပစ်လိုက်ချင်ပြီ။သူရဲ့ဝဲဘက်ရင်အုံဆီက တင်းကျပ်ပြီးပေါက်ထွက်သွားတော့မယ့် အနေအထားရှိတယ်။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now