5

400 109 14
                                    

ZAW

ဘတ်ဟျွန်းက သူ့ရဲ့ ဂွင်းလုံးလုံးလေးတွေကိုနှစ်သက်တယ်။
သကြားခဲတွေကိုကြိုက်တယ်။ချန်းယောလ်ကိုတော့ ချစ်တယ်။
ဝင်ဒီဆိုတဲ့ မိန်းကလေးလို လှပတဲ့မျက်နှာတွေမရှိပေမယ့် သူက ချန်းယောလ်ကိုတော့ အပြည့်အ၀ချစ်ပေးနိုင်ပါတယ်။

ဒီနေ့မှာလည်း ဘတ်ဟျွန်းက သူ့ရဲ့အိမ်လေးကိုစွန့်ခွာပြီး ချန်းယောလ်ဆီသွားခဲ့တယ်။အိပ်ပျော်နေဆဲ ချန်းယောလ်ကို မနှောက်ယှက်ချင်လို့ သူက ဘေးနားကနေ ချန်းယောလ်အိပ်နေတာကို ငုတ်တုတ်လေးထိုင်ကြည့်နေလိုက်တယ်။

ချန်းယောလ်က တစ်ကယ်ကိုချောတယ်။သူသဘောကျရတဲ့ သကြားလုံးလေးတွေထက် ချန်းယောလ်ရဲ့အပြုံးတွေက ပိုချိုတယ်လို့ ဘတ်ဟျွန်းက စဉ်းစားပြီးစိတ်ထဲမှာ သူ့အတွေးကိုသဘောကျပြီးတစ်ခစ်ခစ်ရယ်လိုက်တယ်။

"ဘာတွေသဘောကျနေပြန်တာလဲ ဘတ်ခွန်းနီ"

ဘတ်ခွန်းနီ။ဘတ်ဟျွန်းနီလို့ခေါ်ပါဆိုတာကို ခေါင်းမာတဲ့ ချန်းယောလ်က သူတစ်ယောက်ထဲ ကွဲပြားနေအောင် သီးသန်းလေး ဘတ်ခွန်းနီလို့ခေါ်ပါသတဲ့။ဘတ်ဟျွန်းကလည်း ချန်းယောလ်ရဲ့ဘတ်ခွန်းနီဆိုတဲ့ အသံလေးကိုလည်း သူက သိပ်သဘောကျရပါတယ်။တခြားသူဆိုရင်သူကသဘောမကျပါဘူးနော်။

"ဟွန့် "

"ဟောဗျာ ဘာဖြစ်သွားတာလဲ"

ချန်းယောလ်က ဘတ်ဟျွန်းနီစိတ်ဆိုးရင် မနေတတ်သူပါ။တွေးကြည့် ၀င်ဒီလို မျက်နှာလှလှ လူကောင်ကြီးကြီး စကားချိုချိုလေးတွေမပြောတတ်ပေမယ့် ဘတ်ဟျွန်းလေးက ဒီလိုနေရာတွေမှာ တော့ပိုသာပါတယ်။

"ချန်းယောလ်လီ ငါတို့ နှင်းတောထဲသွားရအောင်"

"ဘတ်ခွန်းနီရာ အေးကအေးနဲ့ မသွားရပါဘူး!"

"မရဘူးနော် ငါကသွားမှာ မနေ့ညကလည်း မင်းတို့ကြီးပဲသွားပြီး-"

ဘတ်ဟျွန်းရဲ့အသံလေးက တိမ်ဝင်သွားတယ်။ဒီအကြောင်းတွေကို သူဆက်မတွေးချင်သေးဘူး။ချန်းယောလ်က စိတ်မကောင်းဖြစ်သွားတဲ့ ဘတ်ဟျွန်းမျက်နှာကြောင့် အကြောင်းမှန်ကိုရှင်းပြတယ်။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now