4

366 108 6
                                    

ZAW

ဘတ်ဟျွန်းဟာ ညရောက်တော့ ချန်းယောလ်နဲ့အတူ ကြယ်သွားကြည့်ရမယ်ဆိုတဲ့အသိနဲ့တင် ပျော်ရွှင်နေသည်။
Neverlandမှာပဲ ရှိတဲ့ တောင်တွေက မြင့်မားလွန်းတာကြောင့် ကောင်းကင်ပေါ်က ကြယ်တွေကို နီးနီးကပ်ကပ်မြင်နေသည်။ထိုတောင်တွေထဲကမှ အမြင့်ဆုံးတောင်ဖြစ်တဲ့ ဂေါ့လ်
တောင်က တောင်ထိပ်ထိရောက်သွာရင် လကမ္ဘာထဲ ရောက်သွားသလို နီးကပ်နေတဲ့ မြင်ကွင်းတွေကြာင့် အရမ်းလှသည်။

ချန်းယောလ်နဲ့ဘတ်ဟျွန်းက တောင်ထိပ်ကို အမြဲသွားပြီးကြယ်တွေကြည့်လေ့ရှိသည်။ဒါပေမယ့် ထိုတောင်နောက်နားကိုတော့ သူတို့သိပ်မသွားကြပေ။ချန်းယောလ်နဲ့အတူ တိုက်ခိုက်ဖူးတဲ့ ကပ္ပတိန် ဟော့ခ် ရဲ့သဘောင်္က ထိုနားမှာ ကျောက်ချထားတတ်တာကြောင့်ပင်။

အရင်တစ်ခါက တိုက်ခိုက်ရင်း ချန်းယောလ်က ဟော့ခ်ရဲ့လက်တစ်ဖက်ကို ဖြတ်ချကာ လက်ကရေထဲကျသွားပြီးမိကျောင်းစားခံလိုက်ရသည်။အရသာတွေ့သွားတဲ့မိကျောင်းက အမြဲလိုလို ဟော့ခ်ရှိနေတဲ့ နေရာနားကိုရောက်တာနဲ့ စားရဖို့အတွက် ရေအောက်ကနေ ချောင်းနေတတ်သည်။ပါသွားတဲ့လက်တစ်ဖက်တည်းမှာ နာရီပါ ပါသွားတာမို့ မိကျောင်းရောက်လာတိုင်းတစ်တော့တစ်တော့ ဆိုတဲ့ အသံကိုကြားရသည်။

ဒါကို အငြိုးထားနေတဲ့ဟော့ခ် က ချန်းယောလ်ကို တစ်နည်းမဟုတ်တစ်နည်း ယုတ်မာဖို့ စဉ်းစားနေတတ်သည်။

ဘတ်ဟျွန်းက နေ့လည်က စိတ်မကောင်းဖြစ်နေတာတွေကို မျက်ကွယ်ပြုထားပြီး ပြီးရင် ချန်းယောလ်နဲ့အတူ ကြယ်တွေကြည့်ဖို့သာ စိတ်လောနေသည်။

ဘတ်ဟျွန်းက အိမ်ထဲကနေ ကျော့ကျော့လေးထွက်လာလို့
ချန်းယောလ်ရဲ့အိမ်ရှေ့မှာသွားရပ်ကာ သူ့အတွက်သီးသန့်လုပ်ထားတဲ့ အပေါက်ကလေးကနေ တိုးဝင်လာသည်။

"ချန်းယောလ်"

"အာ ဘတ်ခွန်းနီ သွားကြမယ် လာဝင်ဒီ"

"ဟင်"

ဘတ်ဟျွန်းက နောက်ကနေ ပါလာတဲ့ ၀င်ဒီကြောင့် မျက်နှာလေးက အနည်းငယ်ညိုးသွားသည်။
သူတို့ထားခဲ့ဖူးတဲ့ ကတိမှာ ဒီတောင်ပေါ်ကို သူတို့နှစ်ယောက်ပဲတူတူလာရမယ်ဆိုတာကိုပဲ။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now