14(Season-2)

471 101 17
                                    

ZAW

ပစ်စ်စီဟောလိုးရဲ့ တစ်နေရာ...
ညအမှောင်က ကြီးစိုးသထက်ကြီးစိုးလာပြီ။
ပစ်စ်စီဟောလိုးရဲ့ အုပ်ချုပ်သူ အန်ရာ(မယ်မယ်မားသား)က
ပွင့်ဖူးလာကာ လင်းလက်နေတဲ့ အ၀ါရောင်ပန်းလေးကို ကြည့်ရင်း သက်ပြင်းချတယ်။

ဘေးနားက ပါလာတဲ့ နတ်သူငယ် နတ်သမီးတွေကလည်း ပန်းအ၀ါလေးကိုကြည့်ရင်း မျက်ရည်တွေ စို့နင့်လာတယ်။

"မား မားသား ဘတ်ဟျွန်းကို ကယ်နိုင်တဲ့ နည်း မ မရှိဘူးလားဟင်"

လုဟန်က အဆက်မပြတ်စီးကျနေတဲ့ မျက်ရည်တွေကို လက်ခုံနဲ့ ပွတ်သတ်သုတ်ရင်း ရှိုက်သံတစ်ဝက်နဲ့ အထစ်ထစ်အအ မေးလာတယ်။

အားလုံးကလည်း မျက်ရည်ဝေ့၀ဲနေတဲ့ မျက်ဝန်းအစုံကို မဖုံးကွယ်နိုင်ကြ။အန်ရာ ကိုယ်တိုင်လည်း မျက်ရည်ကျနေရုံမှ တစ်ပါးမတတ်နိုင်ပေ။

"ရက်စက်လွန်းတဲ့ ကံကြမ္မာကိုပဲ အပြစ်တင်ရတော့မှာပေါ့ကွယ်"

မားသားက လေသံအေးအေးနဲ့ပြောတယ်။လုဟန်က မျက်ရည်ကျရုံနဲ့တင် မတင်းတိမ်နဲ့တော့ပဲ အသံဗြဲနဲ့အော်ငိုတော့တယ်။

အားလုံးကလည်း နှစ်သိမ့်ဖို့အတွက မကြိုးစားတော့ သူတို့ကိုယ်တိုင်ပါ ငိုနေတော့သည်။ခေါင်းကိုခေါက်တတ်တဲ့ လက်တဆစ်နဲ့ အကြီးအကဲ ဂယောင်ဆူးကပါ တပ်ထားတဲ့ မျက်မှန်ကိုဖယ်ပြီးမျက်ရည်ခိုးသုတ်တယ်။

များမကြာမှီတွင် မိုးတွေက သဲကြီးမဲကြီးရွာချလာတော့သည်။တောင်ပံစိုနေရင် ပျံလို့ မရလို့ ရေကြောက်တဲ့ နတ်သူငယ်/နတ်သမီးတွေတောင် အရိပ်ထဲ ပြေးမ၀င်ကြ။

"ဘတ်ဟျွန်း မင်းအကောင်းဆုံးချစ်ပေးခဲ့ပါတယ် မင်းအချစ်နဲ့မတန်တဲ့ လူတစ်ယောက်အတွက်နဲ့ အခုလို...အခုလို... ဟားးကွာ"

လုဟန်က ပြောရင်း ငိုတယ်။မြေကြီးကိုခြေဆောင့်ပြီး ယူကြုံးမရဖြစ်စွာဆိုတယ်။သူတို့တွေက အ၀ါရောင်သစ်ပင်လေးရှိရာဆီကို ၀ိုင်းထားပြီး ငိုနေကြတယ်။

အပြေးလာနေတဲ့ ကောင်လေးတစ်ယောက်က လူအုပ်ကြားထဲကိုတိုးဝင်ပြီး အ၀ါရောင်ပန်းလေးကိုမြင်တော့ အထိတလန့်ဖြစ်ပြီး လုဟန်ကိုကြည့်ကာမေးတယ်။

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now