11

334 87 8
                                    

ZAW

ဘတ်ဟျွန်းက ဒီခရီးမှာ အပိုလူသာသာပဲ။
နာကျင်မှုတွေတကူးတက ပေးဖို့ခေါ်တာကို သူကလှိုက်လှိုက်
လဲလဲ ၀မ်းသာအားရနဲ့ ဒီထောင်ချောက်ထဲကို ခုန်ချခဲ့သေးတယ်။သူတစ်ကယ်မိုက်ရူးရဲဆန်တာပဲ။

တစ်လမ်းလုံး သူ့ကိုနာကျင်မှုတွေ ပေးရုံသာမက အန္တရာယ်လက်ထဲတောင် ထိုးထည့်ပေးသွားခဲ့သေးတယ်။
ဖြစ်ရပ်ကတော့ သူတို့၃ယောက်စလုံး အနောက်ဘက်တောင်စွန်းကိုထွက်လာခဲ့တယ်။အနောက်ဘက်တောင်စွန်း ပင်လယ်ကမ်းရိုးတန်းတည်ရှိရာနေရာဖြစ်တယ်။သွားတုန်းကတော့ ချောချောချူချူရောက်သွားပေမယ့် ၀င်ဒီရဲ့ မစူးစမ်းသင့်တာကို စူးစမ်းမှုကြောင့် သူတို့ဒုက္ခရောက်ပြီ။

ကမ်းရိုးတမ်းရဲ့မလှမ်းမကမ်းက ကျွန်းက လူမျိုးစုတစ်စုနေထိုင်ရာနေရာဖြစ်ပြီး တစ်နည်းလူရိုင်းတွေပေါ့။
စပ်စပ်စုစုနဲ့ ၀င်ဒီက ကမ်းရိုးတန်းဘက်ကို ရောက်လာတဲ့ ထိုလူမျိုးစုထဲကတစ်ယောက်နဲ့ကတောက်ကစဖြစ်ပြီး ဟိုဘက်ကစိတ်တိုးပြီး ကျွန်းကိုဖမ်းသွားတယ်။လူကောင်ကြီးတဲ့ ချန်းယောလ်နဲ့ဝင်ဒီကို ဖမ်းခေါ်သွားပြီး သူကတော့ ပုန်းနေလိုက်တယ်။

သူဖမ်းခေါ်သွားတဲ့လူတွေနောက်ကနေ တိတ်တိတ်လေးပျံသန်းလိုက်လာပြီး ထိုကျွန်းပေါ်ရောက်လာတယ်။ဝူးဝူးဝါးဝါးနဲ့ပြောနေကျတာ သူနားမလည်။လူစကားပြောတော့ သူတို့ဘာဖြစ်မှာမို့လို့တုန်း။

ချန်းယောလ်နဲ့ဝင်ဒီက ကြိုးတုတ်ခံထားပြီး ဘေးနားကလူတွေက လှံတွေကိုထောင်ပြီး အချင်းချင်းပြောနေကြတယ်။သူတို့တွေမရှက်ဘူးလားမသိပါဘူး။အောက်ကနေလုံရုံလောက်လေး သစ်ရွက်တွေပတ်ထားတယ်။ဘတ်ဟျွန်းနီကတော့ အဲ့လိုတွေဆိုရှက်တယ်ဗျ!!။

ထိုလူတွေက သူနားမလည်တာတွေပြောပြီး ထွက်သွားတယ်။အားလုံးထွက်သွားမှ ဘတ်ဟျွန်းပုန်းနေရာကနေထွက်လာတယ်။

"ဘတ်ခွန်းနီ"

"ချန်းယောလ်လီ မင်းဘာဖြစ်သွားသေးလဲ"

"ဟင့်အင်း ငါပြောမယ် အခုငါတို့ကို လူရိုင်းတွေဖမ်းထားတာ
အဲ့တော့ ငါတို့ကိုကယ်ဖို့ ကလေးတွေကိုသွားခေါ်လိုက်။"

𝐒𝐭𝐨𝐫𝐲 𝐎𝐟 𝐓𝐢𝐧𝐤𝐞𝐫𝐛𝐞𝐥𝐥 [COMPLETED]Where stories live. Discover now