Part 1 (Z/U)

1.3K 106 27
                                    

"အနီးဆုံး ဆုံမှတ်နှစ်ခု"  (Part 1)

မိုးရာသီ၏ ညနေခင်း နေဝင်ဆည်းဆာချိန်ဖြစ်သည်မို့ ကောင်းကင်ကြီးသည် အနီရောင်ပြေးနေကာ တိတ်စုတိမ်လိတ်တို့ကလည်း ဟိုတစ်စဒီတစ်စနှင့် နေဝင်ချိန် တိမ်တောက်နေသည်ဟုဆိုရပေမည်။ခပ်ဖြူးဖြူးတိုက်ခတ်နေသော လေနုအေးတို့သည်လည်း အေးအေးစိမ့်စိမ့်လေးနှင့်  ညနေခင်းချိန်၏  အေးချမ်းသာယာမှုကို ထပ်မံဖြည့်စွက်ပံ့ပိုးနေသည်ထင်ပါရဲ့။
ထိုသဘာဝတစ်ရားကြီး၏ သာယာလှပမှုတို့နှင့်အတူ ရန်ကုန်မြို့၏ နေရာတစ်ခုဖြစ်သော အင်းယားကန်ပေါင်နှင့်ကန်ရေပြင်ကြီးသည်လည်း အလွန်ပင်သာယာလှပနေလေသည်။ထိုအချိန် ထိုကန်ဘောင်ကြီးသည် အချစ်ငှက်တို့၏နားခိုမှုအတွက် အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်နေပေလိမ့်မည်။ ဟိုတစ်စုဒီတစ်စု ထိုင်နေကြသော လူအုပ်စုလေးတွေလည်းရှိသလို ပုခုံးလေးဖက်သူကဖက် ရင်ခွင်ထဲဝင်သူကဝင် ပါးလေးနမ်းသူကနမ်းနှင့် သာယာကြည်နူးနေကြသော ချစ်သူစုံတွဲလေးတွေသည်လည်း နေရာစုံမှာရှိနေကြလေသည်။
ထိုထိုသော လူသားများနည်းတူ အင်ယားကန်ဘောင်ပေါ်၌ အတူယှဉ်တွဲထိုင်ကာ ကန်ရေပြင်ကြီးအားမျက်နှာမူ၍ တစ်ဉီးလက်ကို တစ်ဉီးက ဆုပ်ကိုင်လို့ ချစ်ကြည်နူးနေသော အတွဲလေးတစ်တွဲလည်းရှိပေသည်။

ထိုသူနှစ်ဉီးကတော့...
Doctor ဉီးဂုဏ်သိက္ခာ နှင့် ဟော်တယ်နှင့်ခရီးသွားလုပ်ငန်းများစွာပိုင်ဆိုင်သော PSM group၏ CEO ဉီးဘုန်းရှိန်မာန် တို့ပင်ဖြစ်သည်။
အသက်အရွယ်အားဖြင့် ၃၅နှစ်ဝန်းကျင်များဖြစ်သည့်တိုင် ၂၆၊၂၇ အရွယ်တွေဟုသာထင်ရလောက်သည်အထိ အရွယ်တင်နုပျိုကြသည်။
လူကောင်သေးသေး အသားဖြူဖြူလေးနှင့် ဉီးဂုဏ်သိက္ခာအား ရင်ခွင်ထဲ ထည့်ဖက်ထားကာ အနမ်းနုနုတို့ကိုခြွေနေသူက ဉီးဘုန်းရှိန်မာန်ပင်ဖြစ်သည်။

"ကို"
"ပြောလေ ဂုဏ်လေး"
"ဂုဏ်လေး ကို့ကို သိပ်ချစ်တယ် သိလား"
"သိပါတယ်ဂုဏ်လေးရဲ့ ကိုကလည်း ဂုဏ်လေးကို သိပ်သိပ်ချစ်ဗျာ"
"ကိုနဲ့မခွဲနိုင်ဘူးနော်"
"အင်းပါ ကိုသိတယ်လေ "
"ဟင်းး"
"ဟော ဘယ်လိုဖြစ်လို့များသက်ပြင်းတွေချနေရတာလဲ ဂုဏ်ရယ်"
"သားတို့က ဂုဏ်တို့ကို သဘောမတူဘူးလေ ဂုဏ်တို့ကို အမြဲတမ်းလိုက်ခွဲနေတာ "
"အဲ့ဒီကောင်ဆိုးလေးတွေ သူတို့ချင်းမတည့်တာနဲ့ပဲ ကိုယ်တို့ကို ခွဲနေတာ လူယုတ်မာလေးတွေ"
"ဟုတ်ပါ့ မွေးရကျိုးမနပ်တဲ့ ဟာတွေ"
"ဟဟားးး ဒါဆို သူတို့ကို အမြွေဖတ်လိုက်ကြမလား"
"ဟမ့် သူတို့ကအဲ့သလိုလုပ်လဲ မထီပါဘူး "
"အဟားး ဟုတ်ပါရဲ့ သူဌေးပေါက်စလေးတွေဆိုတာ မေ့နေတာဗျာ"
"သားတို့တွေ ဘယ်တော့များမှ အဆင်ပြေကြမလဲ မသိဘူးနော်"
"ထားလိုက်စမ်းပါကွာ သူတို့ဘာသာ ဘာဖြစ်ဖြစ် ကိုကတော့ ဂုဏ်ကလေးကို မစွန့်လွှတ်နိုင်ပေါင် အဲ့တော့ သူတို့သဘောမတူလဲ ဘာဖြစ်လဲ ကိုယ်တို့ အခုလိုလေး ခိုးတွေ့ကြတာပေါ့နော့  မဟုတ်လဲ ဂုဏ်ကလေးကို ခိုးပြေးလိုက်မှာဗျာ"
"အို ခိုးပြေးတဲ့နောက်တော့ မလိုက်ပါဘူးနော် သားဆီမှာ ရအောင်တောင်းယူရမယ် သားက ဂုဏ်ကို ချစ်လို့ပါ ကိုရယ်"
"သိပါတယ်ဗျာ သားချစ်တဲ့ အဖေလေးရဲ့ "
"ကိုနော်"
"မဟုတ်ဘူးလား"
"ဟုတ်တယ်"
"ချစ်လိုက်တာကွာ"
"ဂုဏ်လည်း ကို့ကို ချစ်တယ်"

အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခုWhere stories live. Discover now