Part 6 (Z/U)

412 60 12
                                    

ယနေ့တော့ ရာသီဥတုက ဘာဖြစ်တယ်မသိ အုံ့မှိုင်းလို့နေလေသည်။ဓနမာန် မိုးရာသီကိုမကြိုက် မိုးရေတွေစိုစက်စက်ဖြစ်နေသည်ကို အလွန်စိတ်ပျက်သည် ထို့ကြောင့် မိုးရွာပြီဆို အိမ်ပြင်မထွက်ချင်ပေ မိမိဖွင့်လှစ်ထားသော Car Showroom မှာရှိနေခဲ့ရင်လဲ အိမ်မပြန် ထိုနေရာမှာသာ နေတတ်သည်။မိုးရေကိုသာမကြိုက်တာ အဲ မိုးအေးအေးနဲ့ ဘီယာလေးသောက် အမြည်းလေး စားနေရရင်ဖြင့် ဘဝကြီးက လောက နိဗ္ဗာန်အလား သာယာလိုက်သည့်ဖြစ်ခြင်း။ယနေ့ မိုးစိမ့်စိမ့်နှင့် နှပ်နေဖို့တွေးထားပေမယ့် အရင်တစ်ပတ်ကမှ USက ပြန်လာသော ကျောင်းတုန်းက သူငယ်ချင်း တစ်ယောက်ရဲ့ "မတွေရတာကြာပြီ သူငယ်ချင်းတွေ စုံကြရအောင်ဟု "ခေါ်သဖြင့် သွားရဉီးမည်။အဆိုးဆုံးက ဟိုမျက်နှာဆိုးကောင်ရဲ့ ကလပ်တဲ့ မသွားချင်ပေမယ့်လဲ ထိုအကောင်နှင်မဆုံချင်ပေမယ့်လဲ သွာရပေဉီးမည်။နောက်တစ်ခုက "ဒီနေ့ စားသမျှသောက်သမျှကို ကလပ်ပိုင်ရှင်ကြီးက အခကြေးငွေမယူ freeဟုဆိုသောကြောင့် သေချာပေါက်ကိုသွားရောက် စားသောက်ပေးရမှာပေါ့ လေကြီးလေကျယ်ကောင် တွေ့ကြတာပေါ့ ပြီးပေါ့"ဟု ဆိုကာ လေတစ်ချွန်ချွန် သီချင်းတစ်ညည်းညည်းနှင့် ပြင်ဆင်ကာ ကလပ်ကိုထွက်လာခဲ့လိုက်သည်။
ဒီနေ့ ချစ်ဖေကြီးက အိမ်မှာမရှိ အရေးကြီးဧည့်သည်လာမယ်ဆိုလား ဘာလားပဲ သူ့Hotelအသစ်ကို သွားလေရဲ့ ခုညပြန်လာမည့်ပုံမပေါ်ပေ ထို့ကြောင့် အိမ်တံခါး ခြံတံခါးတွေကို သေချာသောခတ်ခဲ့ရသေးသည် မဟုတ်ရင် သူခိုးလာခိုးမှာကနောက် အဖေ့ပူညံဆူသံက အရင်လာမည်။

"ကဲ ပြီးပြီ သွားကြတာပေါ့ ဖေ့သားရေ"

ဓနမာန် မိမိတွင်ရှိသော ကားများစွာထဲက အပြာရင့်ရောင် ပြိုင်ကားလေးအား လက်နှင့်အသာပုတ်ကာ စကားပြောရင်း သူငယ်ချင်းတွေရှိရာ ကလပ်ဆီသို့ ကားလေးအား ဉီးတည်မောင်းနှင်လာခဲ့လေသည်။

တိုးသိက္ခာ ယနေ့ မိမိတို့နှင့် တက္ကသိုလ်မှာခင်မင်ခဲ့သော သူငယ်ချင်းက နိုင်ငံခြားကနေပြန်လာသည်မို့ မိမိကလပ်တွင် တစ်ဝိုင်းဧည့်ခံရန်အတွက် တာဝန်ယူလိုက်သည်  မဆုံတာလဲကြာပြီမို့ တစ်ခြားသူတွေကိုပါဖိတ်ထားသည်ဟုဆိုသည်ကြောင့် သေချာပေါက် ဟိုမျက်လုံးပြာကောင်ပါလာမည်ပင်။အကြောနဲ့မတည့်ပေမယ့်လည်း ရှောင်မရမှတော့ တွေကြရမှာပဲလေ ထို့ကြောင့် အဖေဖြစ်သူကို ဆေးရုံကိုလိုက်ကြိုပြီး အိမ်ပြန်ပို့ကာ မိမိကတော့ ကလပ်ကိုသာထွက်လာခဲ့သည်။
ညဘက်အပြင်ထွက်ရင် ကားစီးရတာထက် ဆိုင်ကယ်စီးရသည်ကို ပိုသဘောကျသဖြင့် ဂိုထောင်ထဲ၌ ကြွရွစွာဖြင့် ရှိနေသော မိမိသားတော်မောင်ကြီးအား ထုပ်ကာစီးလာခဲ့သည်။ညလေအေးအေးနှင့် ဆိုင်ကယ်မောင်းရသည့်အရသာက ဘာနဲ့မှမလဲနိုင်လောက်အောင်  ပြည့်စုံလွန်းနေသည် "တိမ်တွေပေါ်မှာလွင့်နေသလိုမျိုးပေါ့"...

အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခုWhere stories live. Discover now