Part 7 (Z/U)

316 49 10
                                    


တစ်ဆစ်ဆစ်ထိုးကိုက်နေတဲ့ခေါင်းကြောင့် အိပ်ရာထက်က မထသေးပဲ အသာငြိမ်နေရင်း ငါဘာဖြစ်တာလဲဟုပြန်တွေးနေမိသည်။တစ်ရေးရေးမှတ်မိလာတဲ့ အကြောင်းအရာတစ်ချို့ကြောင့် လူက အိပ်ရာထက်ကနေ ငေါက်ကနဲ့ထထိုင်လိုက်မိသည် ထို့နောက် ဘေးပတ်ဝန်းကျင်ကို လေ့လာကြည့်တော့ မိမိအခန်းမဟုတ် "ငါဘယ်ရောက်နေတာပါလိမ်"ဟု တွေးနေတုန်း ကျွီခနဲ တံခါးမြည်သံနှင့်အတူ ဝင်လာသည့် လူတစ်ယောက် ထိုသူက တစ်ခြားသူမဟုတ် တိုးသိက္ခာ ပင် "ဒါ ဒါဆိုညက ငါက ငါက သူနဲ့ အားးးး...စိတ်ညစ်လိုက်တာ "ဟု စိတ်ထဲကနေသာအော်ဟစ်နေမိပေမယ့် လက်တွေ့မှာတော့ ကုတင်ပေါ်မှာ ထိုင်လျှက်သား ကြောင်အနေမိသော မိမိရယ်ပါ။

တိုးသိက္ခာ အိပ်ခန်းထဲဝင်လာတော့ မြင်လိုက်ရသည့် စုန်းလေးရဲ့ ပုံစံကြောင့် ရယ်ချင်သွားမိသည်။ရွံစရာလေးဟုလည်းတွေးလိုက်မိသည်။
"နိုးပြီမလား နိုးရင်ထတော့ ဇိမ်ဆွဲမနေနဲ့ မင်းအိမ်မဟုတ်ဘူး"
"ဘာ တိုးသိက္ခာ မင်း လူလိုစကားပြောလို့မရဘူးလား ငါကလဲ မင်းရဲ့လှောင်အိမ်ထဲ ခြေတစ်ဖဝါးတောင်မချချင်ပါဘူးနော် သိဘို့"
"အဟက် "
"မင်း ဘာရယ်တာလဲ ပြီးတော့ ညတုန်းက မင်း နဲ့ ငါ"
"ဘာလဲ ဆက်ပြော"
"လောင်းထားတာလေ ဘယ်သူနိုင်လဲ"
"ဟ ဒီအခြေအနေကိုကြည့်ရင် ဘယ်သူနိုင်လဲ ဘယ်သူရှုံးလဲ မေးနေစရာကိုမလိုတာ အမ်း မေးရင်လဲမေးရမပေါ့ မင်းက ဒါမှသိပ်မကောင်းတာ "

နထင်နေရာကို လက်ညိုးနဲ့ထို့ပြကာ လှောင်ရယ်နေသော သကောင့်သားအား ဓနမာန် ရိုက်သတ်ချင်မိသည် သို့သော် ဒါသူ့ပိုင်နက်ဆိုတော့ သည်းခံရမည်။ညက မိမိရှုံးခဲ့သည်မို့ သားတော်မောင်လေးအား ကျက်သရေတုန်းကောင်ကိုပေးလိုက်ရတော့မည်။နှမျော၍တော့မဟုတ်ပေ လွယ်လွယ်နှင့်မပေးချင်ပါ ထို့ကြောင့် ဉာဏ်နီဉာဏ်နက် ဉာဏ်ကာလာပေါင်းစုံထုပ်၍ ကိုယ့်အကြံနှင့်ကိုယ် ပြုံးပြုံးကြီးလုပ်ကာ အိပ်ရာထက်ကဆင်း၍ ကားသော့အား တိုးသိက္ခာထံပစ်ပေးလိုက်သည်။
"ရော့ ဒီမှာကားသော ငါရှုံးသွားပြီဆိုတော့ ငါ့သားလေး မင်းရသွားပြီ ok"
"ဟ တယ် ရက်ရောနေပါ့လား ဓနမာန်ရဲ့"
"ဒါပေါ့ ငါ့မှာအပေါဆုံးက ကားပဲလေ အဟက် ကောင်းကောင်းလေးသုံးပါနော် သွားပြီ"

အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခုWhere stories live. Discover now