Part 4 (Z/U)

406 64 11
                                    

နံနက်ခင်း အချိန်ခါတေးသံသာနေသည်ကတော့ ဉီးဂုဏ်တို့အိမ်ပင်ဖြစ်သည်။
အရင်ရက်တွေတုန်းက ညဘက်တွေမှာအိပ်ရေးပျက်ရသူ သားက သူ့ကလပ်မှာပဲ အနားယူတတ်သည်။နေ့လည်လောက်မှသာ အိပ်ရာနိုးတတ်သည်ပင်၊ ယခုတော့ ဉီးဂုဏ်သိက္ခာ မိမိမျက်လုံးကိုပင် မယုံနိုင် ပြူးပြဲကြည့်နေမိသည် မိမိအိပ်ရာဘေးမှာ  ထိုင်နေသည့် သားတော်မောင် ၊ သားမျက်နှာလေးကို နံနက်စောစော မြင်ရလို့ ပျော်နေမည်ထင်ပါသလား မထင်ကြပါနဲ့လေ။
နံနက်အလုပ်သွားချိန်တိုင်း မိမိအား လာကြိုတတ်သော အစ်ကိုနှင်အတူ ပျော်ရွှင်စရာ နံနက်ခင်းလေးအား ဖြတ်သန်းချင်သည် ယခုတော့ မိမိရဲ့ ချစ်လှစွာသော သားတော်မောင်က အနားမှာ တောင့်တောင့်ကြီးရောက်နေသည်။အိမ်ရာထစမို့ မြင်ချင်ရာမြင်နေသလားဟုထင်ကာ မျက်လုံးတွေကိုပွတ်သတ်ကာ အတင်းပြူးကြည်မိသည်။တစ်ကယ်ကြီး တိုးသိက္ခာ သက်ရှိ တိုးသိက္ခာပါတဲ့ဗျာ။

"သား သားလေး တိုးတိုး ဘာလို့ပြန်လာတာလဲ ဟင်"
"ဗျာ အာ သားညက ၂နာရီလောက်တည်းကပြန်ရောက်နေတာ ဖေရဲ့ ဖေအိပ်နေပြီလေ အဲ့အချိန်က"
"ဘာလို့ပြန်လာတာလဲပါဆို"
"ဘာဖြစ်လို့လဲ ကိုယ့်အိမ်ကိုယ်ပြန်လာတာလေ ဖေဖေသေးသေးလေးကလည်း"
"အရင်ကပြန်မလာပဲနဲ့ အခုမှဘာလို့ပြန်လာတာလဲ"
"ဟာ ဒီအဖေသေးသေးလေးကွာ အိပ်ရာမထပဲ လာရစ်နေတယ် ထတော့နော် သားလေးက ဖေ့ကို ဆေးရုံရှေ့အထိလိုက်ပို့မယ်ဗျာ"

တိုးတိုးစကားကြောင့် ဉီးဂုဏ် အိပ်ရာထဲကနေ ငေါက်ကနဲ့ထထိုင်မိသည်။လိုက်ပို့လို့မဖြစ်ဘူးလေ အစ်ကိုနဲ့ပဲသွားချင်တာလေ ဘယ်လိုလုပ်ရပါ့မလဲ။တိုးတိုးလိုက်ပို့လို့မှ မဖြစ်တာ ထို့ကြောင့် မလိုက်ပို့ရန် ပြာပြာသလဲငြင်းရတော့သည်။

"ဟင် မပို့နဲ့ မပို့နဲ့ "
"မရဘူး ပို့မှာပဲ သွား သွား မျက်နှစ်သစ်တော့ကဲ သွားပါဗျာ"
"တိုးတိုးကလည်း"
"အဖေကလည်းဗျာ သွားပါဆို"

ဆူပုတ်ပုတ်နှင့် ပေကပ်ကပ်လုပ်နေသော ဖေ့ကိုယ်လေးအား တိုးသိက္ခာ ရေချိုးခန်းထဲသို့ တွန်းပို့လိုက်သည်။ထို့နောက်နှုတ်ကလဲ တစ်စုံတစ်ခုကို ရေရွတ်ကာ နှုတ်ခမ်းတစ်ဖက်ကော့တက်အောင်ပြုံးလိုက်သေးသည်။
'အဖေလည်တာ သားအိပ်နေသလောက်ပဲရှိပါတယ် အဖေရာ ဟဟ'

အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခုWhere stories live. Discover now