Part 9 (Z/U)

320 46 13
                                    

အချိန် အားဖြင့် ညနေ၆နာရီကျော်လောက်ပင်ဖြစ်နေလေပြီ ယခုချိန်ထိ မိမိရင်ခွင်ထဲ၌ အိပ်ပျော်နေသော ဂုဏ်ကလေးအား ကြည့်ရင်းအသည်းယားလာမိသည်။ထို့ကြောင့် ပါးလေးများအား ဖျစ်ညစ်နေမိသည်။

"အွန်းးးကိုကိုး"
"နိုးပြီလားဂုဏ်ကလေး"
"နိုးပြီ ဟမ် ဘယ်နှစ်နာရီရှိနေပြီလဲ"
"၇နာရီထိုး တော့မယ်"
"အယ်  တိုးတိုးတော့ စိတ်ပူနေတော့မှာပဲ အော် Night dutyလို့ပြောထားခဲ့တာပဲ အခုလောက်ဆို သူ့အလုပ်သူသွားလောက်ပြီ"
"ဂုဏ်ကလေး"
"ဗျာ"
"ကိုကိုနဲ့ခုညအတူနေကြမလား ဟင်"
"ဘာ ဘာကိုလဲ သားတွေသိရင် ပြဿနာတက်လိမ့်မယ် "
"ဘာမှမဖြစ်ပါဘူး ဂုဏ်ကလေးရယ်နော် ကိုကို့ကိုယုံကွာ"
"ဖြစ်ပါတယ် ဘာလဲ ဂုဏ်ကလေးက ကိုယ့်ကို မချစ်ဘူးလား"
"ချစ်တာပေါ့ ကိုကိုရယ် ဘယ်လိုများပြောလိုက်တာလဲ"
"ချစ်တယ် ဂုဏ်ကလေး အခုတော့ ထ အပြင်သွားကြမယ် ညဈေးသွားကြမလား"
"ဟုတ်ကဲ့ "

ညဈေး၌ တစ်ဉီးလက်ကိုတစ်ဉီးဆွဲကာ လျှောက်လည်နေသော ဉီးဘုန်းရှိန်မာန်နှင့်ဉီးဂုဏ်သိက္ခာ ကြာကြာတောင်မပျော်လိုက်ရ အနားသို့ရောက်လာသော ငမွှေထိုးသားတွေကြောင့် အပျော်တွေပင် ကျက်ပျောက်ငှက်ပျော်ဖြစ်သွားရလေသည်။

"ဖေ့"
"ဉီးဘုန်းရှိန်မာန် ခင်ဗျ"

သံပြိုင်ထွက်ကာ အနားရောက်လာသော ကျက်သတုံးလေး၂ကောင်ကို ဉီးဘုန်းရှိန်မာန် မျက်ခွက်တွေ စုတ်ပြတ်သွားအောင် ထိုးပစ်လိုက်ချင်သည်။ကောင်းခန်းဆို ရောက်ရောက်လာတာ ခွေးကောင်လေးတွေ မွေးကိုမလာသင့်တဲ့ဟာလေးတွေပါဗျာ...

မျက်နှာကြီးမဲမှောင်နေသော မွေးဖခင်အား ကြည့်ပြီး ဓနမာန် ရယ်ချင်နေမိသည်။ ဆူးလေဘက်မှာနေတဲ့သူငယ်ချင်းက "ဓန မင်းအဖေကြီးကို သူ့ချစ်ချစ်နဲ့ မုန့်ဈေးတန်းတွေဘက်မှာတွေ့ခဲ့တယ်"ဟူသောစကားကြောင့် မျက်ခြေမပျက်စောင့်ကြည့်ဖို့မှာကာ အပြေးရောက်လာခဲ့ခြင်းပင်ဖြစ်သည်။
ကျောင်းတုန်းက ဘော်ဒါမို့ တိုးသိက္ခာဆီကိုလဲ သေချာပေါက်သတင်းရောက်မယ်ဆိုတာ အတတ်သိသည်။

ဟိုလူကြီးအနောက်မှာ ပုန်းနေသော အဖေသေးသေးလေးအား တိုးသိက္ခာ မိမိအနားလာရန် လက်ညိုးလေးကိုကွေးကာခေါ်လိုက်တော့ ပေကပ်ကပ်နှင့်အနားရောက်လာလေသည်။
"တိုးတိုး"
"အင်း လာဒီအနားကို သားဆီကိုလာခဲ့"

အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခုWhere stories live. Discover now