Part 8 (Z/U)

324 40 13
                                    


Taxiလေးတစ်စီးက လှပပြီး ချစ်စရာကောင်းသောဆိုင်လေးတစ်ခုရှေ့သို့ စိုက်ရောက်လာလေသည်။ ထိုကားလေးပေါ်က ဆင်းလာသည့်သူတစ်ဉီး အသားဖြူဖြူ အရပ်ပုပုလေးနှင့် Duty coat လေးကို လက်မောင်းထက်တင်ကာ ပြုံးနေသည့်သူ အသက်၃၀ကျော်ဟု ထင်ရက်စရာမရှိအောင်နုနယ်ကာ ကလေးရုပ်လေးနှင့် "ဉီးဂုဏ်သိက္ခာ"ပင်ဖြစ်သည်။

ဂုဏ် ခြေလှမ်းသွက်သွက်လေးလှမ်းကာ ဆိုင်လေး အတွင်းသို့ လှမ်းဝင်လာခဲ့သည်။အထဲကိုဝင်လိုက်သည်နှင့် မွှေးပျံ့လာသည့် Coffeeနံ့သင်းသင်းလေးကြောင့် ပြုံးလိုက်မိသည်။ထို့နောက် ဆိုင်အတွင်းကိုလှည့်ပတ်ကြည့်လိုက်တော့ အင်း ပိတ်ရက်မဟုတ်လို့ ထင်တယ် လူအရမ်းမကျသေး ညနေစောင်းနဲ့ မနက်စောစောဆိုရင်တော့ လူများတတ်သလို ပိတ်ရက်တွေဆိုရင် လူစည်သည် ။အေးအေးချမ်းချမ်းလေးနှင့် ကော်ဖီလေးသောက်ကာ စာအုပ်ဖတ်လို့လဲရသည်၊ဝါသနာပါရာအလုပ်တစ်ခုကိုအေးဆေးလုပ်နေချင်လဲရတယ် ညနေဘက်ရောက်ရင်လဲ စတိတ်စင်လေးပါရှိသည်မို့  သီချင်းသံလေးနားထောင်ကာ ပင်ပန်းမှုတွေဖြေဖျောက်လို့ရသည်။အေးချမ်းတိတ်ဆိတ်ကာ ဆန်းသစ်သည့် ဆိုင်ကလေးအမည်က "Dream"တဲ့လေ ဂုဏ်ကလေးအတွက် ဉီးဘုန်းရှိန်မာန်ရဲ့ ချစ်သက်လက်ဆောင်လေးပေါ့ "မိမိပိုင်သည် မိမိအတွက် ကို့ရဲ့ လက်ဆောင်ဆိုတာကိုတော့ သားတွေပင်မသိပေ''....
သိသာသိသွားကြည့် နှောက်ယှက်လိုက်မည့်ဖြစ်ခြင်း အခုတော့ ဒီနေရာလေးက မိမိတို့အတွက် အချစ်ဗိမာန်လေးပင်ဖြစ်သည်။

ဆိုင်လေးထဲကို ဂုဏ်ကလေးစဝင်လာတည်းက ကြည့်နေမိတာ ဘယ်အချိန်ပဲဖြစ်ဖြစ် မြင်ရသူအား ရင်အေးစေသည့် လူသားလေးပင်ဖြစ်သည်။အပြုံးချိုချိုလေးတွေပိုင်ဆိုင်ထားသော ချစ်ရသူလေး မိမိအား ကိုကိုဟုခေါ်ကာ ချွဲတတ်သည့် လူသားလေး မြတ်နိုးတန်ဖိုးထားရပါသော ဂုဏ်ကလေးရယ်ပါလေ။
ခုလဲ ဆိုင်လေးထဲကိုပတ်ကြည့်ရင်း ပြုံးနေလေသည် ချစ်လွန်းလို့ ရင်ခွင်ထဲထည့်ဖက်ထားချင်သည့်စိတ်တို့က တစ်ဖွားဖွားဖြစ်ပေါ်လာလေသည်။ထို့ကြောင့် မိမိဖုန်းအားယူကာ ချစ်ရသည့်ဂုဏ်ကလေးထံ စာတစ်ကြောင်းပို့လိုက်ကာ ချစ်ရသူမျက်နှာလေးအား CCTVကနေ ကြည့်နေလိုက်သည်။မကြာခင် ဖုန်းလေးအားကြည့်ကာ ဆိုင်အပေါ်ထပ် သီးသန့်ခန်းလေးရှိရာသို့ ပြေးတက်လာသောချစ်ရသူလေးအား စီးကြိုနေလိုက်သည်။

အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခုWhere stories live. Discover now