Part 2(Z/U)

559 68 10
                                    

"အနီးဆုံး ဆုံမှတ်နှစ်ခု" (Part  2)

ကားရပ်လိုက်ရုံရှိသေးတယ် ကားတံခါးကိုအတင်းတွန်းဖွင့်ပြီး ဒုန်းကနဲမြည်အောင် ပြန်ပိတ်ကာ အိမ်ထဲသို့ ဆောင့်အောင့်ပြီးဝင်သွားသော အဖေသေးသေးလေးနောက်သို့ အမှီပြေးလိုက်ခဲ့ရသည်။မဟုတ်ရင် စိတ်ကကောက်ပေဉီးမည် ချစ်လွန်းလို့ ဘယ်သူ့ကိုမှမပေးချင်တာ မိမိအပြစ်လားဟုသာ မေးလိုက်ချင်သည်။ထို့အပြင် မိမိနှင့်ကမ္ဘာ့ရန်ဘက်ဖြစ်နေသည့် အကောင်ရဲ့ အဖေနဲ့မှ ကြိုက်ရတယ်လို့  တွေးရင်နဲ့ ဒေါသထွက်ရပြန်သည် အဖေတစ်ယောက်မို့သာပေါ့ နှစ်ယောက်သာဆို တိုးသိက္ခာတို့ သေနေလောက်ပြီဗျာ...

"အဖေ"

မီးဖိုခန်းထဲက ထိုင်ခုံပေါ်မှာထိုင်ရင်း စားပွဲခုံကို တစ်ဒုန်းဒုန်းထုနေပါသော ဉီးဂုဏ်သိက္ခာ သားဖြစ်သူ ခေါ်နေသည်ကိုပင် လှည့်မကြည့်ပေ ဒါက သူ စိတ်ကောက်နေသည့်ပုံစံပင်ဖြစ်သည်။

"အဖေ ဘာစားချင်လဲ တိုးတိုး ဘာလုပ်ပေးရမလဲပြော Pizzaစားမလား သားမှာပေးထားမယ်လေနော် "
"ဟမ့် "
"အဖေလို့ စိတ်မကောက်နဲ့လေနော်"
"ဒီမှာတိုးသိက္ခာ စိတ်ကောက်ရအောင် ငါက ကလေးလား ကောက်မနေဘူး"
"ဟုတ်ပါပြီ ဒါဆို ဘာဖြစ်တာလဲပြောပါဉီး"
"မောလို့ ထိုင်နေတာ"

အမယ် မောလိုဆိုပဲ ဖင်လေးနဲ့ သွားလာနေရတာတောင် မောတယ်ဆိုပဲ ဟဟားး

"ဟုတ်ပါပြီ အခုတော့ ရေသွားချိုးတော့နော် သား Pizzaမှာပေးထားမယ် ဟုတ်ပြီလား"
"ငါက စားချင်လို့မဟုတ်ဘူးနော်"
"အင်းပါ သားက ကျွေးချင်လို့လေနော်"
"ပြီးရော"

လက်ဆွဲအိတ်လေးဆွဲပြီး အပေါ်ထပ်ကို တစ်ဒုန်းဒုန်းတက်သွားသော အဖြူရောင်လူသေးသေးလေးအား ရပ်ကြည့်နေပြီးမှ ဖုန်းထုပ်ကာ Pizzaဆိုင်ကို ဖုန်းဆက်မှာရသည်။ ထို့နောက် မိမိလည်း အခန်းထဲဝင်ကာ ရေချိုးရမည် ညရောက်ရင် မိမိပိုင်ဆိုင်သည့် ကလပ်နှင့် ဘားကိုသွားရဉီးမည်။

သားကိုစိတ်တိုနေသည်ကြောင့် ရေခ်ျိုးအဝတ်လဲပြီးသည့်တိုင် အပြင်မထွက်ပဲ အခန်းထဲမှာသာထိုင်နေမိသည်။ထို့နောက် စာရေးစားပွဲပေါ်က ဓာတ်ပုံလေးအား ယူကြည့်ရင်းပြုံးမိသည်။ထိုပုံလေးက မိမိဘွဲ့ယူတဲ့အချိန်က သားနှင့်အတူတွဲရိုက်ထားသောပုံလေးပင်ဖြစ်သည်။ မိမိနှင့် သားဖြစ်သူသည် အသက်အရွယ်အားဖြင့် ၁၅နှစ်ကွာသည်။မိမိအသက်ကယခု ၃၅နှစ် သားဖြစ်သူက ၂၀နှစ်ပေါ့  သားလေးသည် အမှန်တော့ မိမိ၏ တူလေးသာဖြစ်သည် ။မမကြီးနှင့် သူ့အမျိုးသား ကိုတိုးဝေလျှံတို့၏ သားကလေးပင်ဖြစ်သည်။ မိမိအထက်တန်းတက်ချိန်တွင် သားလေးကို မမတို့မွေးဖွားခဲ့ကြသည် သားကိုမွေးပြီးချင်းပင် မမကြီးကဆုံးပါးသွားခဲ့သည် ထို့ကြောင့် လူမမယ်ကလေးလေးအား သား၏ဖခင်ဖြစ်သူနှင့် နှစ်ဖက်မိဘတို့က ပြုစုစောင့်ရှောက်ခဲ့သည်။ကံဆိုးရှာတယ်ပဲပြောရမလား မသိပေ သားလေး ၂နှစ်အရွယ်တွင်း သား၏အဖေရင်းကလည်း ဆုံးပါးသွားခဲ့သည်။သနားစရာကလေးငယ်လေးအား မိမိသည် ရင်နှင့်အမျှချစ်ခဲ့ရသည်မို့  မိဘများအား ခွင့်တောင်းကာ သားလေးကို မိမိသားအဖြစ် တရားဝင်မွေးခဲ့သည်။နှစ်ဖက်မိဘများက ချမ်းသာကြွယ်ဝသူတြွေဖစ်ကြသည်ကြောင့် သားရောမိမိပါ ဘဝကို အခက်ခဲမရြှိဖတ်သန်းနိုင်ခဲ့ကြသည်။သားအသက် ၁၅နှစ် မိမိအသက် ၂၅နှစ်အရွယ်တွင် ဖေဖေမေမေတို့လည်း ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြသည် ထိုအချိန်မှစ၍ သားနှင့်အတူ ဘဝကို နှစ်ယောက်သား ဖေးမရင်း ဖြတ်သန်းခဲ့ကြသည်မှာ ယနေ့အထိပင်ဖြစ်သည်။မိမိဆရာဝန်အဖြစ်တာဝန်ထမ်းဆောင်ချိန်မှာ မထင်မှတ်ပဲ အစ်ကိုဘုန်းရှိန်မာန်နှင့်တွေ့ကာ ချစ်ခဲ့မိကြသည် အရာရာအဆင်ပြေမယ်ထင်ခဲ့ပေမယ့် သားက မိမိအား အစ်ကိုနှင့် လုံးဝသဘောမတူပေ။

အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခုWhere stories live. Discover now