Part 10(Z/U)

293 46 25
                                    


"ချစ်ခြင်းကိုမခွဲပါနဲ့ ချစ်ခြင်းကိုမခွဲကြပါနဲ့ အဟင့်ဟင့် ဟီးးး  ကိုကိုရေးးးး"

ဒါကတော့ ဝိုင်သောက်ကာ မူးရွဲနေသော ဉီးဂုဏ်သိက္ခာ၏ အသံပဲဖြစ်ပါသည်။

ဒီနေ့ နားရက်မို့ "တိုးတိုးရေ ဝိုင်သောက်ကြစို့"ဟုဆိုကာ ဝိုင်ပုလင်းကြီးဆွဲထုတ်လာပြီး ထိုင်သောက်နေသော တိုးသိက္ခာရဲ့ ချစ်လှစွာသော ဖခမည်းတော်လေးပင်  သောက်ခိုင်းမိတာ မိမိအမှား ခုတော့ အော်ကြီးဟစ်ကျယ် သီချင်းတွေအော်ဆိုကာ ငိုနေတာ ချော့မရ ခြောက်မရဖြစ်နေပါတော့သည်။

"တိုးသိက္ခာကြီးက ရက်စက်လိုက်တာ ဟီးးအီးး ငါတို့ချစ်ခြင်းကို ခွဲတယ် လူယုတ်မာကြီး သူ့ကိုယ်သူ ငါ့သားဆိုပြီး ငါ့ကိုလိုက်ချုပ်ချယ်နေတာ အဟင့် ဟီးးး"
"တော်ပါတော့ အဖေရယ် အိပ်တော့နော် အိပ်ပါတော့ဗျာ"
"ဘာကိစ္စအိပ်ရမှာလဲ ခုမှအစောကြီးရှိသေးတာကို ငါ့လာအိပ်ခိုင်းနေတယ် အိပ်ဖူးးလုံးဝအိပ်ဖူးး ကိုကိုးဆီသွားမယ် ကိုကိုး ဘုန်းရှိန်မာန်ရေ  ဂုဏ်ကလေးကို လာခေါ်ပါ အဟင့် ဟီးးး"
"ဖေကလည်းဗျာ ဝိုင်သောက်ပြီး မူးနေတာ လူကြားမကောင်းဘူး ပတ်ဝန်းကျင်က အိမ်တွေ ကြားသွားရင် ဘယ်လိုလုပ်မလဲ ရှက်စရာကြီး အဖေမရှက်ဘူးလားဟင်"
"ဘာကိစ္စရှက်ရမှာလဲ ငါ့လင်ကို ငါလွမ်းတာကို ဘယ်သူ့မှ ဂရုစိုက်မနေဘူး ဟမ့် "
"အမလေးး ဉီးဂုဏ်သိက္ခာရေ တော်ပါတော့ဗျာ"
"တော်ဘူး တိုးတိုး ဖေ့ကို ကိုကိုးဆီလိုက်ပို့ပါ နော် သားလေး ချစ်သားလေး လိုက်ပို့နော် မင်းလိုက်မပို့ရင် ငါဟာငါသွားမှာနော် တိုးသိက္ခာ အားးးဟင့် ဗြဲ ကိုကိုးဆီ ကိုကိုးရေ ကိုကိုးးး"
"ဒုက္ခပါပဲဗျာ အဖေ သားစိတ်မရှည်တော့ဘူးနော် "
"မင်းက ငါ့အဖေလား ငါ့လာအော်နေရအောင် ဟင့် ကိုကိုးဆို ငါ့ကိုတစ်ခါမှမအော်ဘူး မင်းကငါ့ကိုဆူတယ် ဟီးးအီးး မနေဘူး မနေဘူး လုံးဝမနေဘူး ကိုကို့ဆီပဲ သွားနေတော့မယ် ကိုကိုးးရော "

တိုးသိက္ခာလဲ အတော်ကိုခေါင်းနောက်နေပြီ အဖေသေးလေးဟာ သိပ်ဆိုးလွန်းသည် အခုတော့ ဘာတတ်နိုင်တော့မလဲ ဟိုလူကြီးဆီလိုက်ပို့ရတော့မှာပဲ မဟုတ်ရင် အော်ငိုနေဉီးမှာ ခေါင်းတွေကိုက်ပြီး နေမကောင်းဖြစ်မှာလဲ စိတ်ပူရသည်။လူကသာ ဆရာဝန် ဆေးထိုးခံရမှာကျတော့ ကြောက်လိုက်တာ တုန်လို့ဗျာ။

အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခုWhere stories live. Discover now