Part 12 (Z/U)

283 44 21
                                    

"ဟိတ် ကိုသိက္ခာ"
"ဟင် ဗျာ"
"အဟင်း လန့်သွားလားဟင် တို့ကစလိုက်တာပါ"
"အော် ဟုတ်ကဲ့ ဘာကိစ္စရှိလို့လဲမသိဘူး မဒေစီကျော်"
"အို ကိုသိက္ခာရယ် ဒေစီတို့က ကိစ္စရှိမှစကားပြောရမယ့်သူတွေလားရှင့် "
"ဟုတ်ကဲ့ ဟို စိတ်မရှိပါနဲ့ မဒေစီကျော် ကျွန်တော့ Dutyချိန်မို့လို့ပါ ခွင့်ပြုပါဉီး"
"ဟွန်း ပြေးပြန်ပြီ ချစ်စရာလေး အဟင်းဟင်း"

ဆေးရုံဝန်ထမ်းအချို့နှင့် Nurseအချို့ကတော့ မြင်နေကြမြင်ကွင်းလိုဖြစ်နေပြီမို့ ရယ်သာနေကြတော့သည်။

ဒေစီကျော် ဆိုတာက ဆေးရုံအုပ်ရဲ့ ညီမ အပျိုကြီး ဒေါ်ဒေစီကျော်ပင် ဘယ်လိုမှန်းမသိ ဂုဏ်ကိုအတင်းလာလာကပ်တတ်သည် ခေါ်ပုံကြီးကလဲ ကိုသိက္ခာဆိုပဲ ရယ်လိုက်ရင်လဲ တစ်ဟင်းဟင်းနဲ့ ထိုအမျိုးသမီးကို ပတ်ရှောင်နေရသည်ကလည်း Dr.ဉီးဂုဏ်သိက္ခာ၏ အလုပ်တစ်ခုပင်ဖစ်နေလေတော့သည်။အခုလဲ ဘယ်ကနေဘယ်လိုရောက်လာသည်မသိ အတော်ဆိုသည့်အမျိုးသမီး ဆေးရုံအုပ်မျက်နှာကြောင့်သည်းခံနေရသည်။
'ကိုကိုသာသိရင်မလွယ်ဘူး ဒီမိန်းမနဲ့လည်းငါ့ဘဝမလွယ်ပါဘူး'

"ဒေါက်တာ ဒေါက်တာ"
"ဟင် ဘာလဲ ရူပါ ဘာဖြစ်လို့လဲ"
"ရန်ဖြစ်ပြီးရောက်လာကြတာထင်တယ် ကောင်လေးတွေ အဲ့တာ တစ်ယောက်က လက်ကိုအတော်လေးထိထားတယ် ချုပ်ရမှာကို မချုပ်ဘူးအဲအော်နေတယ် အဲ့တာ ဒေါက်တာလာပေးပါဉီး"
"ဟင် တစ်ခြားသူတွေကရော"
"ခွဲခန်း Roundတွေရှိနေတယ်"
"Ok သွားကြတာပေါ့"

သူနာပြုလေးခေါ်ဆောင်ရာအခန်းတစ်ခုရှေ့အရောက်မှာတော့ အခန်းတွင်းကဆူညံသံများအား ကြားလိုက်ရသည် 'ဘယ်လောက်တောင်ဆိုးလိုက်တဲ့ကလေးတွေပါလိမ့် မလွယ်ပါဘူး' ဟုသာတွေးလိုက်မိသည်။
အခန်းတွင်း လှမ်းဝင်လိုက်ချိန်မြင်တွေ့လိုက်ရသည့် ကောင်လေးကြောင့် ဂုဏ်ထိုကလေးအနား အပြေးသွားလိုက်မိသည်။

'ဓနမာန် ဟုတ်ပါရဲ့ လက်မှာလဲသွေးတွေကရဲလို့ ဘယ်သူ့ကိုမှအထိမခံအော်ဟစ်နေလေသည်'

"မထည့်ဘူး မထိနဲ့နော် ပြန်မှာ ငါပြန်မှာလို့ပြောနေတယ် ဟေ့ကောင် မင်းထက် ငါပြန်မယ်လို့"
"မင်း မရဘူးနော် ဓန မပြန်ရဘူး"
"တောက် မင်းတို့ကွာ"
"ဓနမာန်"

အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခုWhere stories live. Discover now