Part 3 (Z/U)

467 78 26
                                    

ကလပ်ထဲဝင်လာရင်း ဘေးပတ်ဝန်းကျင်ကို ဓနမာန် တစ်ချက်ပတ်ကြည့်လိုက်မိသည်။
ကပွဲကြမ်းပြင်နှင့် စတိတ်စင်ကို တစ်ခြား ကလပ်တွေလို့ အရက်ဘားနှင့် ပူးတွဲမထားပဲ အတော်ဝေးဝေးလေးလုပ်ထားသည် ထို့အပြင် ဟိုဘက်ဒီဘက်ထွင်းဖောက်မြင်ရတဲ့ မှန်လိုဟာလေးနှင့်ကာထားသည်မို့  အေးအေးဆေးဆေးထိုင်ချင်သူတွေအတွက်လဲ အနှောက်အယှက်ကင်းစေသည်။ နောက်တစ်ခုက ဝိုင်းထိုင်သမားတွေအတွက်ကိုလဲ အနောက်ဘက်နားမှာ သူ့နေရာနှင့်သူ ဝိုင်းလေးတွေလုပ်ထားသည်။အတော်ကိုစိတ်ကူးကောင်းတဲ့ ကလပ်ပိုင်ရှင်ဟု ချီးကျူးမိသည်။ထို့နောက်မိမိတို့ သူငယ်ချင်းတွေလဲ ဝိုင်းတစ်ဝိုင်းယူကာ သောက်စားနေကြသည်။

"ဘယ်လိုလဲ ဓန မိုက်တယ်မလား"
"အင်း နောက်တစ်ခါတွေထပ်လာမိမှာ အသေချာပဲ ငါသဘောကျနေပြီ"
"ဟဟားးအေးပါကွာ နောက်ထပ်ထူးခြားတာရှိသေးတယ်"
"ဘာတုန်း"
"ဒီက ဝန်ထမ်းတွေအားလုံး ဘားကောင်တာက စလို့ သီချင်းဆိုသူ သန့်ရှင်းရေးအဆုံး ကိုယ့်စည်းကမ်းနဲ့ကိုယ်နေရတယ် ပြောချင်တာကကွာ သူတို့အားလုံးရဲ့ လုံခြုံရေးကို ကလပ်ပိုင်ရှင်ကအပြည့်အဝတာဝန်ယူထားတယ် ကျောင်းသားတွေနဲ့ မိဘမဲ့လူငယ်တွေ အများစုပါတယ်တဲ့ ဝန်ထမ်းတွေက"
"သူငယ်ချင်းဖြစ်သူ 'မိုးမခ' ရဲ့စကားကို ဓနကခေါင်းညိမ့်ထောက်ခံပေမယ့် အထွန့်တက်မေးလာသူက အနားကကောင် 'မင်းထက်သူ' "
"အဲ့တာဆို ဟိုလိုကိစ္စတွေကရော မခ "
"အော် အဲ့တာလည်းပြောရမယ် ဒီကလပ်မှာ အဲ့တာတွေခွင့်မပြုဘူးတဲ့ "ငါ့ကလပ်က ဖာတန်းမဟုတ်ဘူး စိတ်အပန်းဖြေဖို့ လူငယ်တွေကခုန်ဖို့ တစ်နေ့တာပင်ပန်းသမျှတွေကို ယမကာ၊သီချင်းတွေနဲ့ဖြေဖျောက်ဖို့ ဖွင့်ထားတာ အေး အီစီကလီရိုက်ချင်လို့ဆိုရင်တော့ တစ်ခြားသွား ငါ့ကလပ်ကိုမလာနဲ့" တဲ့ဟေ့"
"အဟား မိုက်တယ်ဟ"
"ကလပ်ပိုင်ရှင်က အတော်ချောတယ်ဆိုပဲ သူ့မှာတစ်ခြားကလပ်တွေရှိသေးပေမယ့် ဒီမှာပဲ အနေများတယ်တဲ့"
"တွေ့ချင်လာပြီကွာ ဟဟားး"
"မင်းထက်သူ တို့ ရွလာပြီ"
"တွေ့ချင်တာများ အဆန်းလုပ်လို့ မင်းထက်ရာ သူမကြိုက်တာလုပ်လိုက် ထွက်လာလိမ့်မယ်"
"ဟေ့ ဓန မင်း မဟုတ်မှ"

အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခုWhere stories live. Discover now