Part 11(Z/U)

220 40 11
                                    


"အားးး အဖေ အဖေ ငါ့အရှက်တွေတော့ ကုန်ပါပြီကွာ "
"ခွီးး ဟားးဟားးး တိုးသိက္ခာ ဘယ်နှယ်လဲ တတ်နိုင်သေးလားဟင် ရယ်ရတယ် သဘောမတူပါဘူးကြွေးကြော်ပြီး ကိုယ်တိုင်လာပို့ရတယ်လို့ကွာ ခွီးး"
"ကျွတ် ဓနမာန် မင်း ပိတ်ထားစမ်း မင်းအဖေ ငါ့အဖေကို မသွားပြီကွ မင်းရယ်နေလိုက် ခွေးကောင်လေး"
"ငါ့ပါးစပ်နဲ့ ငါရယ်တာ မင်းပါးစပ်ငှားရလို့လား "
"တော်ပြီကွာ ပြန်တော့မယ်"
"ခဏနေဉီး"
"ဘာလဲ"
"ငါ့လဲခေါ်သွား"
"ဘာ"
"ငါ့ကားမပါလာဘူး ငါ့လဲခေါ်သွားပေးလို့ပြောနေတာကွာ"
"မင်း ဟာ မင်း Taxiငှားပြန်လေ"
"မပြန်ချင်ဘူး မင်းခေါ်သွားပေး"
"အန်ကယ်ကတော့နိုးပါသားရယ် အဟက်ဟက်"

တစ်ဟားဟားရယ်ကာ ထွက်သွားသော တိုးသိက္ခာနောက်ကို ဓနမာန်အမှီလိုက်ကာ ကားတံခါးလဲဖွင့်ရော အတင်းဝင်ထိုင်ပစ်လိုက်သည်။
'ဘာတတ်နိုင်သေးလဲ"

ကားတစ်ခါးဖွင့်တုန်း အတင်းတိုးဝင်လာကာ ခပ်တည်တည်နှင့် ကားထဲထိုင်နေသော စုန်းကောင်ကို တိုးသိက္ခာအတင်းဆွဲချနေသည်။

"ဟေ့ကောင် ဆင်းစမ်း ဘာလုပ်တာလဲ မင်း ငါဆွဲချမှာနော်"
"ဟမ်း မ ဆင်း ဘူး"
"အေး လာခဲ့ လာ ဆင်း ခုဆင်းစမ်း"
"အားးလက်နာတယ် လွတ် လွတ်လို့ လက်နာနေပြီ "
"အဲ့တာဆိုဆင်း"
"မဆင်းချင်ပါဘူးဆိုမှပဲကွာ "
"ဟာ ဓနမာန် ငါဆောင့်ကန်ချရမလား"
"ငါကိုခေါ်သွားပေးပါနော် တိုးတိုး"
"ဘာတိုးတိုးလဲ မင်းငါ့အဖေလေသံလာမလုပ်နဲ့ ဆင်းဆို"
"မဆင်းဘူး သူများတွေကြည့်နေကြပြီ မင်းမရှက်ဘူးလား လာ ကားထဲဝင်ခဲ့"
"ကျွတ် မင်းတို့သားအဖနဲ့လဲ ငါကဝဋ်ကြွေးပါကွာ "

ဘေးပတ်ဝန်းကျင်က ကြည့်နေကြတာရော မိမိပုံစံက သူများအမြင်မှာ လူရမ်းကားပုံစံဖြစ်နေတာရယ် ကုပ်နဲ့ကော်ချရင်တောင် ကားပေါ်ကဆင်းမယ့်ပုံမပေါ်တဲ့ ဓနမာန်ကြောင့် စိတ်လျှော့ကာ ကားပေါ်တက်ပြီး မောင်းထွက်လာခဲ့တော့သည်။

"တိုးသိက္ခာ''
"ဘာလဲကွာ"
"သီချင်းဖွင့်"
"မဖွင့်ဘူး"
"ငါဖွင့်မယ်"
"သဘောကွာ သဘော မင်းသဘော"

ဘာသီချင်းတွေရှိလဲမသိပေမယ့် ဓနမာဖွင့်လိုက်တဲ့ အချိန် မြည်လာသည့် သီချင်းသံက
🎶မင်းမကြည့်လို့မသိတာပါ အချစ်ကမင်းအနားမှာပါ ....🎶

အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခုWhere stories live. Discover now