Part 13 (Z/U)

403 33 10
                                    

ညက ကလပ်မှာပွဲရှိနေသည်ကြောင့် အိမ်ပြန်မလာဖြစ်ခဲ့ပါ မနက်၂နာရီလောက်မှ ပွဲကနားကြရသည်ကြောင့် ကလပ်မှာပဲအိပ်ဖြစ်ခဲ့သည်။ဖေဖေ့ကိုလဲ မကြိုပို့အားပေ အရင်က ကားတစ်စီးထဲရှိပေမယ့် ခုတော့ ဓနမာန်ဆီမှရသောကားကို ကိုယ်ကသုံးချင်တဲ့အချိန်ထုပ်သုံးလို့ရတာကြောင့် အရင်ကဝယ်ထားသည့်ကားလေးအား ဖေဖေ့ကိုအပြီးပေးထားလိုက်သည် ထို့ကြောင့် အတော်အဆင်ပြေသွားတာတော့အမှန်ပေ။ကားလေးအား အိမ်ထဲမောင်းဝင်လာခဲ့သည် ဖေဖေပြန်မရောက်သေးဘူးထင်ပါရဲ့ ဖေဖေ့ကားလေးကို ခြံထဲတွင်မတွေ့ရပေ။
အိမ်ထဲဝင်လာပြီး ဖေဖေပြန်လာရင်နေ့လည်စာ စားဖို့ ပြင်ဆင်ပေးထားလိုက်ပြီး မိမိအခန်းဆီဝင်ကာ ရေချိုးအဝတ်အစားလဲလိုက်သည်။ထို့နောက် ဧည့်ခန်းထဲကနေ ဖေဖေသေးသေးလေး ပြန်အလာကို ထိုင်စောင့်နေလိုက်သည်။
'ဒီနေ့နောက်ကျလိုက်တာကွာ'

ဂုဏ် ကားလေးကို ကိုကို့အိမ်ရှိရာကိုသာမောင်းလာခဲ့သည်။ကားပေါ်က သားငယ်ဓနကတော့ နှစ်ခြိုက်စွာ အိပ်ပျော်နေလေရဲ့
'ကိုကိုနှင့်တွေ့ကာ ကလေးအကြောင်းမေးရပြောရဉီးမည်'

ယနေ့အလုပ်ကိစ္စအထွေအထူးမရှိသည်ကြောင့် ဉီးဘုန်းရှိန်မာန် အနားယူနေသည်။အိမိရှေ့က ဒန်းလေးပေါ်ထိုင်ရင်း စာအုပ်ထိုင်ဖတ်နေသည်။ထိုအချိန် အိမ်ထဲသို့မောင်းဝင်လာသော ကားဖြူလေးကြောင့် တပ်ထားသည့်မျက်မှန်ကိုချွတ်ကာ အသေချာပြူးကြည့်မိသည်။ဒီကားက ချစ်ရသည့် ဂုဏ်ကလေးရဲ့ကားပင် ဘယ်လိုဖြစ်လို့များ ရောက်လာ သလဲမသိပေ။အတွေးတို့ကိုဘေးဖယ်ကာ ကားလေးအနားပြေးသွားလိုက်မိသည်။
ကားတံခါးဖွင့်ကာ ဆင်းလာသည့် ဂုဏ်က တစ်ဖက်ခုံမှာ အိပ်ပျော်နေသော သားကို ညွန်ပြလာသည်။မိမိသားလေးနှင့်ချစ်ရသူလေ ဘယ်လိုများတွေ့ခဲ့ကြသလဲမသိပေ။

"ဂုဏ်ကလေး"
"သားကို အရင်ခေါ်လိုက်ပါဉီး ကိုကို ကလေးက အိပ်နေရှာတာ ချီလိုက်ပါ့လားဟင်"
"အင်း ကိုယ်ခေါ်လိုက်မယ် ဂုဏ်ကလေး အိမ်ထဲဝင်နော် လာ"

အိမ်ထဲရောက်တော့ သားကို သူ့အခန်းထဲ သွားသိပ်ထားပေးကာ ဉီးဘုန်းရှိန်နှင့်ဉီးဂုဏ် အပြင်ကိုထွက်လာခဲ့ကြသည်။

You've reached the end of published parts.

⏰ Last updated: Oct 10, 2021 ⏰

Add this story to your Library to get notified about new parts!

အနီးဆုံး ဆုံမှတ်နှစ်ခု /အနီးဆုံး ဆုံမှတ်နှစ်ခုWhere stories live. Discover now