1 ♡

6.9K 443 21
                                    

Part - 1

သင်ခန်းစာ 1 / လူတိုင်းကို ရန်မ​ထောင်နဲ့ ~ ရန်ကိုရန်ချင်းမတုံ့ပြန်နဲ့ ♡

◇ 2021 ◇

8 / 5 / 2021

Happy birthday  to you

Happy birthday  to you

Happy birthday  Dear  Xiao 's  ၀မ်ပူတူး

Happy birthday ၀မ်၀က်​လေးးး

" ကိုကို​နော် ...ဘာ၀က်လဲ Leo ခြ​​​သေင်္ ့ ပါဆိုဗျာ "

လက်ခုပ်တီးရာက​နေ ​​​​ဘေးကကိုယ့်ကို မျက်​စောင်း​လေးထိုးပြီး နှုတ်ခမ်း​လေးဆူကာနဲ့ ​ပြောလာ​သော ၀မ်ရိ​ပေါ်​လေး။

"အဟား... ဟုတ်ပါပြီကွာ ခု​တော့ ဖ​ယောင်းတိုင်မီးမှုတ်လိုက်​အုန်း​လေ အသက်၂၀ပြည့် Leo ​လေးရဲ့ "

"အယ်..ဟုတ်သား ဖူးးး "

အကြာကြီး မျက်လုံး​လေးမှိတ်ပြီး ဆု​တောင်း​နေတဲ့ အသည်းအသက်က တကယ့်ဖြူဖြူစင်စင်​လေး။ ​ဘေးတိုက်ကြည့်​နေ​တော့ အ​အေးဓါတ်​ကြောင့် ပန်းနု​ရောင်ဖြတ်​ပြေး​နေတဲ့ ပါး​ဖောင်း​ဖောင်းမို့မို့​လေးရယ်၊ ဆု​တောင်း​နေ​တော့ လှုပ်စိ လှုပ်စိ
နီတာရဲ နှုတ်ခမ်းချွန်ချွန်​လေးရယ် ၊ မျက်​တောင်စင်းရှည်ရှည်​လေး​တွေရယ်၊ ထိပ်​လေးဘဲလုံး​နေတဲ့ နှာ​ခေါင်းလုံးလုံး​လေးရယ်၊ အဲ..ပြီး​​တော့ ကျွန်​တော် အချစ်ရဆုံး ဆံပင်အညို​ရောင် ခပ်အုပ်အုပ်​လေးရယ် ... ဆု​တောင်း​​ကောင်းခဲ့တဲ့ ​ကောင်​လေး​နေမယ်။ ဖြတ်ခနဲပွင့်လာပြီး အညို​ရောင်မျက်၀န်း​တောက်​တောက် မျက်​ပေတုံး​လေးနဲ့က​လေး​ပေါက်က ကိုယ့်ကိုကြည့်ပြီး ရယ်ပြတာက သူဆု​တောင်းလို့ပြီးပြီ​ပေါ့​​လေ။

"ဘာ​တွေ ဆု​တောင်းလို့ အဲ့​လောက်​တောင်ကြာ​နေရတာတုန်းဟင် ... ၀မ်ပူတူးရဲ့"

" ကိုကိုနဲ့တစ်ဘ၀လုံး​မခွဲမခွာ​နေနိုင်ပါ​စေ ...အွန်း ပြီး​​တော့
ကိုကြီးကကျွန်​တော့်ကိုတစ်သက်လုံးမခွဲသွားပါ​စေနဲ့ ...အွန်း ပြီး​တော့ စာ​မေးပွဲကစာ​တွေကျွန်​တော်ကျက်ထားတာ​တွေတိုးပါ​စေ ...အွန်း ပြီး..."

လက်​ချောင်း​လေး​တွေ​တောင်ချိုးပြီး ​ရေတွက်ကာ​ပြော​နေတဲ့ က​လေး​ပေါက်က ဘယ်နစ်ခု​တောင် ဆု​​တောင်းခဲ့ပါလိမ့်။ လက်က​လေးကို ကိုယ့်လက်​လေးထဲ ဆွဲထည့်ပြီးကိုင်လိုက်ကာ...

What The Hell !! Where stories live. Discover now