11 ♡

2.5K 225 47
                                    

Unicode

Part - 11

သင်ခန်းစာ 11 / ဗိုက်အဆာမခံနဲ့ ~
သူစိမ်းက​​တစ်ခုခုတိုက်လည်း မ​သောက်မိ​စေနဲ့ ♡

အခု ၀မ်ရိ​ပေါ်​လေးက စိတ်ပျက်၊လက်ပျက်နဲ့ လမ်း​ဘေး ဘတ်စ်ကားမှတ်တိုင်မှာ နှာတရှုံ့ရှုံ့နဲ့ ထိုင်​နေတာဖြစ်သည်။
ထွက်သာလာရ​တာ ဘယ်ဆီကိုသွားလို့ သွားရမှန်းမသိ။

ကိုကြီးကလည်း ၀မ်၀မ့်ကို မချစ်လို့ ကိုကို့ဆီ နှင်ထုတ်လိုက်​ပြီ။
သို့​ပေမယ့် ရိ​ပေါ်က ကိုကို့ဆီလည်း မသွားရဲ။

ကိုကို့ဆီသွားရင် ကိုကြီးက​ သံ​ယောစဥ်အပြတ်လို့​ပြောထားတာမလား။ ကိုကြီးနဲ့အဲ့လိုကြီး ၀မ်ရိ​ပေါ်မှ မ​နေနိုင်ဘဲ။ကိုကိုနဲ့လည်း လမ်းခွဲဖို့ဆိုတာလည်း ရိ​ပေါ်က ​တွေး​တောင်မ​တွေးဖူး။

တစ်​ယောက်ကိုစွန့်လွှတ်ရမှ ​တစ်​ယောက်နဲ့​နေရမယ်ဆို ရိ​ပေါ်က ဘယ်လိုလို့ ​​ပျော်မှာလဲ။ ကိုကြီး​ကော၊
ကိုကို့ကို​ကော နှစ်​ယောက်လုံးနဲ့ မခွဲနိုင်​သော​ကြောင့် ၀မ်ရိ​ပေါ်ရဲ့ ဦး​နှောက်​​သေး​သေး​လေးက
နှစ်​ယောက်လုံးနဲ့​ေ၀းရာသာ ​ထွက်​ပြေးဖို့ဘဲ
တွေးမိတယ်။

ဘယ်လိုလုပ်ရမလဲ။ ခု​တော့ ပိုက်ဆံလည်းမပါ၊
ဖုန်းလည်းမပါနဲ့။ ယွီပင်းနဲ့ ​ဟောက်ရွှမ်းအိမ်သွားလည်း တန်းမိမှာမို့ မသွားရဲ။

​"အဲ... က​လေး​လေးက ဘယ်သွားမှာလဲ"

"ကျွန်​​တော်က က​လေးမဟုတ်​တော့ပါဘူး။ အသက်၂၀​တောင်ဖြစ်​နေပြီ မမရဲ့။"

အိပ်ယာထကာစကိုငိုလိုက်ရ​တော့ မျက်နှာ​ဖောင်း​ဖောင်း​​လေးက နီတီတီ​လေးဖြစ်ပြီး လက်ဖျားအစွန်းနီတာရဲ​လောက်ဘဲ​ပေါ်တဲ့ Hoodieအ၀ါလက်ရှည်ကို နှာ​ခေါင်းနားတပွတ်ပွတ်ရယ်နဲ့ ​ဘေးနားမှာ Busလာ​စောင့်​သော အမကြီးရဲ့ အ​မေးကိုပြန်​ဖြေလိုက်သည်။

ခုံ​ပေါ်မှာ ​ခြေ​​ထောက်လေးကိုတင် ဒူး​​လေးကို​ထောင်ပြီး ပုံ့ပုံ့​လေးထိုင်ကာရယ်၊ ​ခေါင်းစွပ်ပါတဲ့အ​ပေါ်အ​နွေးထည်က ​ခေါင်းစွပ်ကိုပါစွပ်ထား​သော​ကြောင့် မျက်နှာ​လေးဘဲ​ပေါ်ရုံ​လေးနဲ့ရယ်၊ မဲ့မဲ့​လေးနဲ့ဟိုကြည့်ဒီကြည့် မျက်လုံး​လေးကလယ်ကလယ် လုပ်​နေ​သော​ကြောင့်မို့ ရိ​ပေါ်က ၁၅နှစ်၊ ၁၆နှစ် ပိဘိက​လေး​လေးသဖွယ်။

What The Hell !! Where stories live. Discover now