4 ♡

2.9K 296 20
                                    

Unicode

Part - 4

သင်ခန်းစာ 4 / အီစီကလီ​တွေ သိပ်မရိုက်မိ​စေနဲ့ ~ ကိုယ်​ရွှေ့​နေကျ အကွက်​တွေကိုလည်း ​ယောက်ဖမသိ​စေနဲ့ ♡

◇ 2018 ◇

Phone Rings ....📳

" Hello "

" ​ကို.. Baby ကလွမ်း​နေပြီကို Ph ​လေးဘာ​လေး​တောင်မ​ခေါ်ဘူးကွာ "

" ကိုယ်မအားဘူး​လေကွာ .. Baby ​တွေ့ချင်ရင်​တော့ ည​နေ CLUB ကို ဒိုးဖို့စဥ်းစားထားတာ လိုက်မှာလား "

တကယ်ပါဘဲ..အသက်ငယ်ငယ်​လေး​တွေကိုတွဲရတာ ဒီတစ်ခု​တော့ဆိုးတယ်ဗျ။ ကိုယ့်လို လုပ်ငန်းရှင်တစ်​ယောက်ဆိုတာ အလုပ်​တွေလည်းရှိ​သေးတယ်ဆိုတာ ဒီက​လေး​တွေက နားမလည်ဘူး...အား​နေ စိတ်ဆိုးမယ်၊ စိတ်​ကောက်မယ်ဆိုတာ​တွေဘဲ။

စိတ်မရှည်တတ်တဲ့ ​ရှောင်းကျန့်က ဒီလို​တွေဆို စိတ်ရှုပ်တယ်။
မနူးမနပ်​​လေးတွေမို့ ကစားလို့​ကောင်း​တောင် ​ရှောင်တယ်။ နှစ်ရက်​လောက်တွဲဖို့ စဥ်းစားထား​ရင်တောင် တစ်မနက်နဲ့ ဖြတ်ချင်ဖြတ်တတ်တဲ့သူ...အခုလည်း ဒီက​လေးမကို ညကျ တစ်ခါတည်းဇာတ်လမ်းဖြတ်ရပါမယ်။

" အွန်း...လိုက်မှာ​ပေါ့ ကိုရဲ့ ​ Baby ​ကျောင်းဆင်းချိန်ကို Msg ပို့ထားမယ်​နော် လာ​ခေါ်​ပေးပါ​နော်...  "

ကျစ်... ​ရှောင်းကျန့် မျက်ခုံးတစ်ချက်တွန့်သွားကာ စိတ်ထဲက​နေ ကျစ်သပ်လိုက်မိသည်။

"Ok ...ဒါဆို ကိုယ်အလုပ်ရှိလို့"

"Ok ..ok Bye !! ကို"

ပြန်လည် မနှုတ်ဆက်ဘဲ အရင်ချသွား၍ ပြတ်​တောက်သွား​သော ​ခေါ်ဆိုမှု​ကြောင့် နီရဲ​အောင်ဆိုးထားတဲ့ နှုတ်ခမ်းသားက
အလိုမကျမှုကြောင့် မဲ့သွား​တော့သည်။ ကိုယ်တိုင်ပင်တိုးနေကြ​သော မီး​တောက်ထဲက ပိုးဖလံများလိုပင် ။

《 Shanghai University , Computer Major ​/​ ကို 5နာရီ​လောက်လာခဲ့​​လေ​ ​Baby စောင့်​နေမယ်​နော် 😘》

《 Ok !! 》

​ရှောင်းကျန့်ရဲ့ Ph ထဲသို့ မကြာမီ ​ရောက်လာ​သော စာ​ကြောင့်
ဖတ်​တော့မကြည့်​ပေမယ့် အဆင်​ပြေရာ အမြန်စာရိုက်ပြီးပို့လိုက်ကာ အလုပ်Fileဘက် ပြန်​ခေါင်းစိုက်ရတယ်။

What The Hell !! Where stories live. Discover now