Side Couple♡.

1.7K 165 12
                                    

Unicode

Side Couple ♡.

~ အသားနာ​မှ အချစ်ပါမှာ ~

လူရှင်းတဲ့ ဆေးရုံရဲ့ အ​ရေး​ပေါ်​လှေကား​တွေရှိရာမှာ Leoက ​ခြေကုန်လက်ပန်းကျ​နေတဲ့ပုံစံနဲ့ကို ​ခြေတစ်ဖက်ကိုစင်းကာ တစ်ဖက်ကဒူးကိုထောင်လျက် ထိုင်​နေမိသည်။ မျက်ရည်​တွေကလည်း မကျချင်ပါလျက်နဲ့သူ့အလိုလိုကို ပါး​ပေါ်မှာစီးကျ​နေလျက်။

ရှုိက်သံ​တွေမထွက်မိ​အောင် ​အောက်နှုတ်ခမ်းကိုတင်းတင်းကိုက်ကာရယ်နဲ့ Leoက တစ်ခါဘဲ​တွေ့ဖူးကာချစ်မိသွားတဲ့ ဘဲ​ပေါက်စအတွက် ပြိုလဲ​နေရသည်။ ​​

ဘဲ​ပေါက်စရဲ့ အစ်ကိုနောက်တစ်​ယောက်အဖြစ်ဘဲ ထင်ပြီး ​ဆေးရုံခန်းထဲလိုက်ပို့မိသည့် Leoမှာ ​နောက်ဆက်တွဲ မြင်ကွင်း​တွေမှာ လက်သီးကိုတင်းတင်းဆုပ်ပြီး အမြန်​ပြေးထွက်လာခဲ့ရသည်။ ကြည်နူး​နေသူ စုံတွဲမှာ​​တော့ ကိုယ့်ကိုလည်း သတိထားမိဖို့​နေ​နေသာသာရယ်ပါ။

အသားဖြူဖြူ​ဖွေး​ဖွေးနုနုနီတာရဲ ​ဘဲ​ပေါက်စနဲ့ ဆန့်ကျင်ဘက်ပုံစံ အသားကဖြူတဲ့ဘက်သိပ်မ​ရောက်ဘဲ ကြာကြာအကြည့်ခံတဲ့ ​ရွှေ၀ါ​ရောင်၀င်း၀င်းကိုပိုင်ဆိုင်ထားကာ အရပ်ရှည်ရှည်၊ ခန္ဓာကိုယ်ကအချိုးအစားကျကာ ​တောင့်​တောင့်တင်းတင်းနဲ့ ​​ယောကျာ်းပျိုတို့ဟာ ၀န်မခံချင်​ပေမယ့်လည်း အ​တော်​တော့ လိုက်ဖက်​နေတာအမှန်ပင်။

ဘဲ​ပေါက်စကလည်း အ​တော်ချစ်ပုံကိုမြင်​နေရပြန်​တော့ Leoဟာ အခုမှ စတင်ဖြစ်တည်လာတဲ့ အချစ်ဆိုတဲ့အရာကို ရိုက်ချိုးကာ ​နောက်ဆုတ်ရ​တော့မှာ​ပေါ့။

Leoကဆိုးတယ်။ မိုက်ရိုင်းတယ်။
သို့​ပေမယ့် ယုတ်​တော့မယုတ်မာပါ။
ချစ်ရသူ ​ပျော်ဖို့ကဘဲ Leoအတွက် အ​ရေးကြီးပါတယ်။

"အိုး... ကိုယ်တို့ ​ဆေးရုံ​လှေကား​နေရာက တိတ်တိတ်​​လေး လာငိုရတဲ့ ​နေရာမှန်း ခုမှသိတယ်ကွာ။"

Leoက ​ထွက်​ပေါ်လာ​​သော ခနဲ့တဲ့တဲ့စကားသံ​ကြောင့် ​အသံကြားရာကို မော့ကြည့်လိုက်သည်။ နံရံကို ​လျော့ရဲရဲနဲ့မှီထားပြီး ​ဆေးလိပ်ကိုလက်တစ်ဖက်ကကိုင်ကာ ​လှောင်ပြံးလိုလို ပြုံး​ကာကြည့်နေသူ​ကြောင့် Leoက မျက်ရည်စ​တွေကိုဆွဲသုတ်ပြီး စူးစူးစိုက်စိုက်ပြန်ကြည့်​​ပေးလိုက်သည်။

What The Hell !! Where stories live. Discover now