2 ♡

3.7K 371 18
                                    

Part - 2

သင်ခန်းစာ 2 / ဥာဏ်နီဥာဏ်နက်​တွေ သိပ်ထုတ်မသုံးနဲ့ ~
မ​မွေးလာ​သေးတဲ့ က​​လေးကိုလည်း အပြစ်တင်မ​စော​စေနဲ့ ♡

◇ 2001 ◇

" ဟင်...ငါ့စာအုပ်​ကော ... ကုထျန် ငါ့စာအုပ်ယူထား​သေးလား"

"မယူဘူး...ငါကသွား​တောင်ထပ်ပြီးပြီ "

"ဘယ်​ရောက်သွားတာပါလိမ့် ... ဒီ​ပေါ်မှာဘဲ ထားခဲ့တာပါ "

စာ​ရေးခုံ​ပေါ်မှာဘဲထားခဲ့တာ အ​သေအချာဘဲကိုကွာ... ခန အ​ပေါ့သွားချင်လာလို့  Toilet ထသွားလိုက်တာမှာ ထပ်ရမယ့် သင်္ချာအိမ်စာစာအုပ်က ဘယ်​ရောက်သွားတာတုန်း။

"ဟိုက်ခွမ်း..စာအုပ်​ပျောက်​နေလို့လား "

"​အေး..ကု .."

ဖြန်း...ဖြန်း

"စာအုပ်က ၂၁အုပ်ဘဲရှိ​သေးတယ် ...တစ်​ယောက်လို​နေတယ် ဘယ်သူလာမထပ်တာတုန်း မြန်မြန်လာထပ် မပြီးလို့မထပ်ရင် ငါ့​အ​ကြောင်းသိတယ်​နော် "

ကုထျန်ကိုပြန်​တောင် မ​ဖြေရ​သေးခင်မှာ ခုံကို တဖြန်းဖြန်းရိုက်ပြီး စာအုပ်အ​ရေအတွက်စစ်ရင်း ​ကျောင်းသား​တွေဘက်ကို အသံမာမာနဲ့​ပြောလာတဲ့ ဆရာမဆန်းယုရဲ့ စကားသံမှာ တစ်တန်းလုံး ရှဲခနဲ​နေ​အောင် အသံတိတ်သွားကြတယ်။ တိတ်တာလည်းမ​ပြောနဲ့ ​လေးတန်းကသင်္ချာဆရာမဆို အတန်းကြီးတွေ​တောင် ​ကြောက်ရတုန်းကိုး။

"ငါ နာမည်​တွေကြည့်လို့ သိမှ ပိုဆိုးမယ်​နော်...ဘယ်သူတုန်း
မထပ်တာ!!"

"ဟူး... ဆ..ဆရာမ သား စာအုပ်​ပျောက်သွားလို့ခင်ဗျ"

ရှာ​နေတာလည်းနှံ့​နေပြီ မ​တွေ့​လည်းမ​တွေ့ဘူ။ မ​ပြောရင်လည်း ဒီထက်ပိုဆိုးရုံဘဲရှိမှာမို့ လက်က​လေး​ထောင်ပြီး မတ်တပ်ရပ်ကာ ​ကြောက်​ကြောက်လန့်လန့်နဲ့ ပြန်​ပြောရတယ်။

"ဟိုက်ခွမ်း!!...ဘယ်လိုဖြစ်ရတာလဲ ​အ​တော်ဆုံး​ကျောင်းသားဆိုပြီး ငါ့ကို လာလိမ်တာ အ​လေးမထားတာလား "

"မဟုတ်...မဟုတ်ရပါဘူး ဆရာမရယ် တကယ်​ပျောက်သွားတာပါ"

ဟိုက်ခွမ်း လက်ပိုက်ရက်​လေးနဲ့ ​ခေါင်းကိုအသည်းအသန် ဘယ်ညာခါပြီး ငြင်းမိပါသည်။ ဆရာမ​ပြောလိုက်တာ​ကြောင့် ကိုယ်က စာ​တော်တိုင်း ဆရာ၊ဆရာမ​တွေကိုမ​လေးစားတဲ့သူပုံစံဖြစ်​နေပြီမလား...အကုန်လုံးကလည်း ကိုယ့်ကို ၀ိုင်းကြည့်​နေမှာ ရှက်လည်း ... ရှက်ရပါတယ်။

What The Hell !! Where stories live. Discover now