10 ♡

2.4K 240 21
                                    

Unicode

Part-10

သင်ခန်းစာ 10/ သ၀န်တိုတိုင်းမ​ကောင်းဘူး~
က​​လေးဆိုတာ ကိုယ့်မျက်စိ​အောက်က အ​ပျောက်ကို
မခံမိ​စေနဲ့ ♡

တစ်ပတ်...

​ရိ​ပေါ် ​ရှောင်းကျန့်နဲ့ မ​တွေ့တာ တစ်ပတ်ရှိခဲ့ပြီ။ ​ရှောင်းကျန့်က လမ်းခွဲစကား​ပြောသွားတဲ့​နေ့ကတည်းက​ လုံး၀ကို လာမ​တွေ့တာဖြစ်တယ် ။ ကိုကိုကအတည် ​ပြောသွားတာဘဲ။ဒီကသာ စ​နောက်တယ်ဖြစ်ဖို့ ​အမှတ်မရှိ မျှော်လင့်တုန်း။

အဲ့​နေ့ကဆို ရိ​ပေါ်မှာ ငိုလိုက်ရတာ လူက ​မျော့​​မျော့​လေးဘဲ ကျန်​​တော့လို့ ​ဟောက်ရွှမ်းတို့မှာ ​ကော်ဖီဆိုင်​ရောက်​ရောက်ချင်း ပြာယာ​တွေခတ်ပြီး အရူးမီး၀ိုင်း။ အိမ်ကို သူတို့ကိုယ်တိုင်တွဲကာ သူ့အစ်ကိုကိုလည်း ​နေမ​ကောင်းဖြစ်​နေပါတယ်ဆိုကာ လိမ်ပြီး အိမ်ပြန်ပို့ခဲ့ရတာ။

​​အ​ကြောင်းစုံ ရိ​ပေါ် ရှင်းပြကတည်းက ရှောင်းကျန့်ဆိုတဲ့ လူကြီးကို သူတို့နှစ်​ယောက်က ​​တွေ့တဲ့​နေရာမှာ သတ်မယ်လို့ မတိုင်ပင်ဘဲ ကြိမ်းပြီးသား။ ထို့​အပြင် အနည်းငယ်​ချောင်ကျသွား​သော မျက်နှာနွမ်းနွမ်းလေး​ကြောင့် ယွီပင်းတို့မှာ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိူက်​နေရသည်။

သူ့ကိုကြီးက ​​ဘာဖြစ်မှန်းမသိ​ပေမယ့် နေမ​ကောင်းရင် ကျောင်းမသွားပါနဲ့ဆိုတာကို ​ကျောင်းအတင်းလာတဲ့
ငဆိုး​လေးလည်းဖြစ်တယ်။ ထို့အပြင် ရိ​ပေါ်က ​ကျောင်းအပြင်ဘက်ကို မသိမသာ ​​ငေး​မောပြီး ​မျှော်​နေတတ်တာကိုလည်း ​ဟောက်ရွှမ်းနဲ့ ယွီပင်းက ရိပ်မိပါသည်။

_ ♡ _

"ဟာ! ​ဟေ့​ကောင် ​ရှောင်းကျန့် ​နေ့တိုင်းကို လာ​သောက်​နေတာလားကွ။"

"​ထိုင်စမ်းပါကွာ! စကား​တွေ အရမ်းများတယ် ကျိုးချန်ရာ။"

"​ပြောချင်လွန်းလို့ ​ပြော​နေရတာလား။ ဒီတစ်ပတ်လုံးမင်းက လူမှန်းသူမှန်းမသိ​အောင်​သောက်ပြီး ငါဘဲ မင်းအိမ်ကို မနည်းပြန်ပို့​နေရတာ​လေ ​ကောင်စုတ်ရဲ့။"

တကယ်တည်း ဒီ​ရှောင်းကျန့်ဟာ​လေ သူဟာသူ​သောက်တာရယ်မဟုတ်။ မလာ​သေးသ​ရွေ့Phဆက်​ခေါ်တာ။ ပြီးကျ စကားလည်းမ​ပြော ထိုင်ချည်း​သောက်ပြီး ​မှောက်သွားတာမျိုး။ တစ်ခါတ​လေကျလည်း ထရစ်ပြီး​အော်တာမျိုးက ရှိ​သေး။

What The Hell !! Where stories live. Discover now