6 ♡

2.8K 245 10
                                    

Unicode

Part - 6

သင်ခန်းစာ 6/ ​ဒေါသမကြီးဇွတ်တရွတ်မဆန်နဲ့ ~
​တွေ​ေ၀​နေတဲ့စိတ်ကို အမြန်အ​ဖြေရှာပါ ♡

"စိတ်ညစ်တယ်...စိတ်ညစ်တယ်ကွာ Presentation ဆိုတာလုပ်မှဖြစ်မှာမို့လို့လား"

"​​ဟောက်ရွှမ်းရာ စာ​တွေကမှရှာရတာ ခေါင်းရှုပ်ပါတယ်ဆို မင်းအသံကြီးနဲ့ ဘာမှကိုဆက်မလုပ်ချင်​တော့တာဘဲ"

Presentation က​နောက်အပတ်မို့ ​​ကျောင်းဆင်းတာကို မပြန်​သေးဘဲ ​ကျောင်းနားက Coffe ဆိုင်​လေးတစ်ဆိုင်မှာ စာစုရှာ​နေခြင်း။ ထိုသို့ သုံး​ယောက်သား ​ခေါင်းချင်းဆိုင် ရှာ​နေရင်းက နာရီ၀က်​လောက်အကြာမှာ ထွက်​ပေါ်လာတဲ့ ​ဟောက်ရွှမ်းရဲ့ ညည်းလိုက်သံမှာ ယွီပင်းကလည်း ထ​ပြောကာLaptopကိုပိတ်ချပစ်လိုက်တယ်။

"ငပင်း​ကောင်စုတ်..သူမလုပ်ချင်ရင်မလုပ်ချင်တယ်​ပေါ့ ငါ့လာလွှဲချ​နေတယ်"

"​တော်ကြစမ်းပါကွာ.. ခန နားမယ် ဟုတ်ပြီလား"

" ဒါမှ ငါတို့ချစ်သူငယ်ချင်းလေး ၀မ်အိ​ပေါ်ကွ"

စာထဲ​ခေါင်းစိုက်ရင်း မှတ်​​နေရတဲ့ ၀မ်ရိ​ပေါ်​လေး ​ခေါင်း​​လေးထောင်ပြီး ၀င်​ပြောလိုက်မှ ​​ဟောက်ရွှမ်းမှာ စာအုပ်​လေးပိတ်ပြီး ၀မ်းသာအားရ ရိ​ပေါ်ကို အတင်းဖက်​တော့သည်။

၀မ်းသာရတာ​ပေါ့...နှစ်​ကောင်သားပျင်းလွန်းလို့ စာလုပ်တာရပ်ပစ်ချင်တာ​တောင် ဆရာ​လေး ၀မ်ရိ​ပေါ်ရဲ့ စာမရှာဘဲပျင်းရင် ဒီ၀ိုင်းမရှင်း​ပေးဘူး​နော် ဟူ​သော ရာဇသံ​ကြောင့် ​အောင့်အီးထိုင်​နေရတာ​လေ။

"​ဖယ်စမ်းပါကွာ ... ၁၅မိနစ် ၁၅မိနစ်ဘဲ​နော် "

"​​​ဟူး..​အေးပါ ​အေးပါ ​"

​ဟောက်ရွှမ်းနဲ့ယွီပင်းလည်း ခွင့်ပြုချက်​လေးရတာနဲ့ တွတ်ထိုးလိုက် Ph ကြည့်လိုက်နဲ့ ရရှိတဲ့ ၁၅မိနစ်​​လေးကို အသုံးချ​နေကြသည်။ ၀မ်ရိ​ပေါ်ကလည်း နို့ကဲကဲ​လေးနဲ့​ဖျော်ထားတဲ့ စ​တော်ဘယ်ရီဖျော်ရည်​လေးကို ပိုက်​လေးမှ တပြွတ်ပြွတ်စုပ်ကာ ဆိုင်ပြင်ဘက်ကို​ငေးကာ မျက်စိအနား​ပေး​နေတယ်။

What The Hell !! Where stories live. Discover now